Search

Loading...

Wednesday, June 13, 2012

ရွှေမြို့တော်မှတနေ့တာဖတ်ရှု့စရာများ

ရွှေမြို့တော်မှတနေ့တာဖတ်ရှု့စရာများ

Link to ချစ်သူ့မြို့တော် သင့်မြို့တော်

အားလုံးကို မေ့ ပြိး ကုန်ဆုံး သင့် တဲ့ ........

Posted: 13 Jun 2012 08:22 PM PDT

အနန္တ ဂိုဏ်းဝင် ထဲမှာ မာတာပိတု အမေ နဲ့  အဖေ ဆိုတာ ပါတယ်နော်..ကျတော်တို့  လူလောက ထဲရောက်အောင် မွေးထုတ်ပေးခဲ့ တဲ့  အမေ နဲ့ အဖေ  ငယ်စဉ် ကတည်းက ကျွေးမွေး ခဲ့ တဲ့  အဖေ ရဲ့  မိသားစုရဲ့  ဦးဆောင် လမ်းပြ ဖြစ်ခဲ့ တဲ့  အိမ် တစ်အိမ်မှာ အိမ်ဦး နတ်ဖြစ်တဲ့  အဖေ ...ကျတော် တို့ တွေ မသိနားမလည်သေးတဲ့  အချိန်မှာ အရာရာ ကို သင်ပေးခဲ့ တဲ့  အမေ နဲ့ အဖေ ကို ကျတော်တို့ အရွယ်ရောက် မှ ပြန်လည် ကျွေးမွေး ပြုစု ခွင့် ရခဲ့ ကြပါတယ် ..ငယ်စဉ် မှာတော့ အမေ နဲ့ အဖေ ရဲ့  မေတ္တာ တွေကို တစ်ခါတရံ ပစ်မှား မိပါတယ် ဒါကလည်း ခလေး အတွေး နဲ့  မသိလို့ ပစ်မှား မိကြတက်ပါတယ် ..အခုအရွယ်ရောက်လာတော့  သိလာတယ် ..အကောင်း အဆိုးတွေကို ကိုယ်တိုင် လောကဓံ အလှည့်  အပြောင်းတွေအောက်အမှာ သိလာပါပြီ...တကယ်တန်းကြတော့ လေ ကျတော်တို့  တွေ ဘာကိုလုပ်သင့် တယ် .ဆုံးဖြတ် သင့် ဆိုတာကို အမြင်မှန်ပေါ့  ရလာတယ်.. ဒါနဲ့  ကျတော် တို့ တွေရဲ့  အနန္တ ဂိုဏ်းဝင် ဖြစ်တဲ့  အဖေ များရဲ့ နေ့ ကိုရောက်တော့ မယ်နော် ..သိကြလား ( ၁၇ ) ရက်နေ့ နော်  အဖေ များရဲ့  နေ့ မှာ ကိုယ့် ရဲ့  အဖေအတွက် ကောင်းမှုကို လုပ်ပေးရင်းနဲ့  အတူတူ ပျော် ကြရအောင်နော် ...ကိုယ့် ရဲ့ မိသားစုရဲ့  နွေးထွေး မှုတွေနဲ့  ကုန်ဆုံး နို်င်ကြပါစေနော်...အမေ များရဲ့ ပြီးတော့ အဖေ များရဲ့  နေ့ပေါ့ ..ကမ္ဘာ ပေါ် ရှိကြတဲ့  လူသားအားလုံးအတွက်ပေါ့ နော် ..အေးအေးချမ်းချမ်း နဲ့  အဖေ များနေ့ မှာကုန်ဆုံး နိုင်ကြရအောင်ပေါ့ ...တစ်ချိန်ကြရင်တော့  ကျတော်တို့ တွေလည်း မိဘ နေရာ ကို မရောက်နို်င်ဘူးလို့  မပြောနိုင်ဘူးလေ မဟုတ်လား...ကျတော် တို့ ရဲ့  မိဘ တွေ အသက်ရှိစဉ် မှာ ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် တက်နိုင်သမျှ ထားနို်င်ရင်ကောင်းတာပေါ့ ဗျာ ကျတော်တို့ တွေရဲ့  ...အသက်အရွယ် က မိဘ ကျေးဇူးကိုသိသင့် ပါတယ်နော် ..ပြီးတော့ အရာအားလုံးကိုလည်း နားလည် နို်င်အောင်လေ့လာသင့် ပါတယ်နော် ..အကောင်းအဆိုး အမှားအမှန်ပေါ့ .....သူငယ်ချင်း တို့ လည်း လာမယ့်  17 ရက်နေ့ မှာ မိသားစု နဲ့  အချိန်ပေးပြီး အဖေ များနေ့ ကို ပျော်ရွှင်စွာ ကုန်ဆုံးနို်င်ကြပါစေ လို့ ဆုတောင်းပေးပါတယ်ဗျာ...........အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ.........

စွယ်စုံမင်းသား မောင်ဝါဝါဖြစ်လေ၏

Posted: 13 Jun 2012 08:03 PM PDT



စွယ်စုံမင်းသား မောင်ဝါဝါဖြစ်လေ၏
- သူရဿဝါ -


မောင်ဝါဝါ သည်ကား ငယ်စဉ် ကလေး ဘဝ ကတည်းကပင် ရုပ်ရှင် ဇာတ်လမ်းများ ကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ရာ မိမိ ကြည့်လေ့ ကြည့်ထ ရှိသော ရုပ်ရှင် ဗီဒီယို ဇာတ်ကား များထဲမှ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် များအား အလွန် အားကျ နှစ်သက် ခဲ့သည် ဖြစ်ရာ "ငါကြီးလာရင် ရုပ်ရှင် သရုပ်ဆောင် လုပ်မယ်" ဟူ၍ ထိုစဉ် ကပင် ဆုံးဖြတ် တွေးတော ထားခဲ့ပြီး ဖြစ်လေသည်။ အသက်အရွယ် အနည်းငယ် ရလာသော အခါတွင်လည်း ထိုသို့ ရုပ်ရှင် သရုပ်ဆောင် မင်းသား ဖြစ်ချင်စိတ်မှာ ကုန်မသွားပဲ ပို၍ တိုး၍ပင် လာလေသည်။ သို့နှင့် ရုပ်ရှင် မင်းသား ဖြစ်ချင်သော မောင်ဝါဝါမှာ ခင်မင်ရင်းစွဲ ရှိသော နာမည်ကျော် ရုပ်ရှင် မင်းသား တစ်ဦးအား ရုပ်ရှင် မင်းသား ဖြစ်ရန် ဘာများ လိုအပ် သနည်းဟု တီးတိုး မေးမြန်းရာ ၄င်း မိတ်ဆွေ မင်းသားက မောင်ဝါဝါအား "နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် ဆိုတာ စွယ်စုံ သိရ တတ်ရတယ်ကွ" ဟူသော စကား တစ်ခွန်းကို သင်ကြား ပေးလေသည်။

ထို ရုပ်ရှင် မင်းသား၏ သင်ကြား စကားကို မှတ်သား ရသည့် နေ့မှ စ၍ မောင်ဝါဝါမှာ စွယ်စုံရ ရုပ်ရှင် မင်းသား တစ်ဦး ဖြစ်ရန် အပြင်းအထန် လေ့ကျင့် လေတော့၏။ ထို ရုပ်ရှင် မင်းသား ပြောသည်မှာ သဘာဝ ကျ၏။ နာမည်ကျော် လူကြိုက်များ ရုပ်ရှင် မင်းသား တစ်ဦး ဖြစ်ရန် ဆိုသည်မှာ အကုန်အစုံ သိထား တတ်ထားမှ တော်ပေမည်။ ထိုနေ့မှ စ၍ မောင်ဝါဝါမှာ ရုပ်ရှင် မင်းသား နေတိုးတို့၊ ပြေတီဦး တို့နှင့်အပြိုင် နင်လား ငါလား ချောမော ခန့်ညား စေရန် အတွက် မိမိ မျက်နှာအား အမျိုးမျိုး အဖုံဖုံ ပြုပြင် ကြိုးစား၏။ ဂျက်ကီချန်းတို့ ဂျက်လီတို့လို သိုင်းချ တတ်အောင်လည်း သင်ကြား ရသေး၏။ တောတွင်း စွန့်စားခန်းများ ရိုက်ကူးလျှင် အဆင်ပြေ အောင်လည်း မြင်းစီး နွားစီး ကျွဲစီး အကုန် သင်၏။ ဒိုင်ဗင် စတန့် ကျွမ်းဘား ရသမျှ အကုန် လေ့လာ၏။ ရဲတိုက်တို့ ဒွေးတို့လို မျက်လုံး အကြည့် စူးရှအောင် တွေ့သမျှ လူကို စူးစူး စိုက်စိုက် လိုက်ကြည့် ခြင်းဖြင့် လူအမြင်ကပ် မခံရရုံ တမယ် လေ့ကျင့်၏။ ပုံစံ မျိုးစုံ ငိုတတ်အောင်၊ အသံမျိုးစုံ ရယ်တတ်အောင် ကြိုးစား၏။

ထိုသို့ဖြင့် အနုပညာ အတတ်ပညာ စွယ်စုံ ဘက်စုံ ကျွမ်းကျင် တတ်မြောက်ပြီ ဆိုသော အခါမှ ရုပ်ရှင် အနုပညာ လောကထဲ ခြေစုံ လက်စုံ ပစ်၍ ဝင်လိုက်သော အခါတွင် မောင်ဝါဝါမှာ နေ့ချင်းညချင်း နာမည်ကျော် လူကြိုက်များသော အငိုကောင်း အပြောကောင်း ရုပ်ရည် ချောမောပြီး ဖိုက်တင် အချကောင်းသည့် စွယ်စုံရ ရုပ်ရှင် မင်းသား တစ်ဦး အဖြစ်သို့ ရောက်ရှိ၍ သွားလေ၏။ ထိုသို့ နာမည်ကြီး လာသော အခါတွင် ရုပ်ရှင်များ၊ ဗီဒီယိုများ မနားမနေ ရိုက်ကူး ရသလို တစ်ဖက် မှလည်း နေ့စဉ်ထုတ် အပတ်စဉ်ထုတ် ဂျာနယ် စာစောင် များမှာ သူတို့၏ ဂျာနယ် မျက်နှာဖုံး စာမျက်နှာ များတွင် ဖော်ပြရန် မောင်ဝါဝါနှင့် တွေ့ဆုံ မေးမြန်း အင်တာဗျူး နိုင်အောင် တန်းစီ၍ ခွင့်တောင်း ကြသည် ဖြစ်လေ၏။ သို့နှင့် ၄င်း ပုံစံပေါင်းစုံ ရည်ရွယ်ချက် ပေါင်းစုံဖြင့် ထုတ်ဝေသော ဂျာနယ်များနှင့် အင်တာဗျူးသည့် အခါတွင်ကား …

ကျန်းမာရေး ပညာပေး စာစောင်မှ မေးမြန်းမှု
"မင်းသား မောင်ဝါဝါက နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်သလဲ"

"အို .. ကျွန်တော်ကတော့ စောင်ခေါင်းမြီးခြုံ အိပ်နေလိုက်တာပဲ"
"ပုံမှန် ကျန်းမာရေး လေ့ကျင့်ခန်း အနေနဲ့ ဘာလုပ်ပါသလဲ"
"အော် … အထွေအထူး မဟုတ်ပါဘူး … မနက်တိုင်း ရေချိုးခန်းထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်အောင် ပုံမှန် ကြေး (ဂျီး) တွန်းတာပါပဲ"

အားကစား ဂျာနယ် တစ်စောင်မှ မေးမြန်းမှု
"မောင်ဝါဝါ .. ဝါသနာ ပါတဲ့ ကစားနည်းတွေက ဘာတွေများပါလိမ့်"

"ဂျင်ပေါက်တာ .. ဂေါ်လီပစ်တာ … ကုလားမစည်းနင်းတာ"
"မောင်ဝါဝါ အားပေးတဲ့ ဘောလုံးအသင်းက …"
"နိုင်အောင် ကန်နိုင်တဲ့ အသင်း အကုန်ကြိုက်"

နည်းပညာဂျာနယ် တစ်စောင်မှ မေးမြန်းမှု
"မောင်ဝါဝါ အတွက် အသုံးအဝင်ဆုံး နည်းပညာပစ္စည်က ဘာများလဲ"

"ကယ်ကူလေတာ … အကြွေးစာရင်းတွေ တွက်တဲ့အခါ စာရွက်ထဲ ချပေါင်းစရာ မလိုတော့ သိပ်မြန်တာပဲ"
"မောင်ဝါဝါ အခုလက်ရှိ ကိုင်ထားတဲ့ စိတ်ကြိုက်ဖြစ်နေတဲ့ Handset ကရော .."
"ဈေးပေါတယ်ဆို ကြိုက်တာပဲ .. အရင်ကလည်း ဒါပဲ၊ အခုလည်း ဒါပဲ ဆိုတော့ ဒါကိုပဲ လက်ရှိ အကြိုက်ဆုံး"

မှုခင်းဂျာနယ် တစ်စောင်မှ မေးမြန်းမှု
"မောင်ဝါဝါ ဘယ်အမှုတွေနဲ့ ထောင်ကျဖူးသလဲ"

"တယ်လေ … ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ"
"ရာဇဝတ်မှုတွေ ပပျောက်အောင် ဘာလုပ်သင့်သလဲ"
"လူတိုင်း လူတိုင်း ဘယ်မှမသွား ဘာမှ မလုပ်ဘဲ .. အိမ်ထဲ ငြိမ်ငြိမ်လေး ထိုင်နေသင့်တယ်"

စသည်ဖြင့် .. စသည်ဖြင့် စွယ်စုံ မင်းသား မောင်ဝါဝါ အား ဂျာနယ် ပေါင်းစုံ၊ စာစောင် ပေါင်းစုံ တို့မှ နည်းလမ်း အမျိုးမျိုးသော စွယ်စုံ မေးခွန်း တို့ဖြင့် သန်ရာသန်ရာ မေးမြန်း ကြသည်ကို ကြုံရလေ၏။ မောင်ဝါဝါမှာ ထိုကဲ့သို့ အင်တာဗျူး ပေါင်းစုံဖြင့် လုံးလည် ချာလည်လိုက်လျှက် ရှိနေစဉ် တစ်ရက်တွင် မောင်ဝါဝါအား မင်းသားဖြစ်နည်း လမ်းညွှန် ခဲ့သော နာမည်ကျော် ရုပ်ရှင် မင်းသားမှာ ဖုန်းဆက်၍ မောင်ဝါဝါအား မေးမြန်းလေတော့၏။

"ကိုင်း … ဘယ့်နှယ်ရှိစ .. စွယ်စုံ မင်းသား မောင်ဝါဝါ၊ မောင်ရင့် အင်တာဗျူးတွေ ဖတ်ရပါသကော"
"ဟုတ်ပဗျာ .. အင်တာဗျူး ဖြေနေရတာနဲ့ စွယ်စုံ မင်းသား အစွမ်းတွေတောင် မပြရဘူး"
"အို .. ကျုပ်ပြောတဲ့ မင်းသားဆိုတာ စွယ်စုံ သိရ တတ်ရမယ် ဆိုတာ ဒါကိုပဲ ပြောတာပ"
"ဘယ်လို .. ဘယ်လို"
"ဟုတ်တယ်လေ … ငိုတာ ရယ်တာ ကြမ်းတာ ရမ်းတာ မတတ်ရင်တောင် ကျန်တဲ့ ကျန်းမာရေး အကြောင်းတို့၊ လူမှုရေး အကြောင်းတို့၊ အားကစား အကြောင်းတို့၊ နည်းပညာ ကွန်ပျူတာ အင်တာနက် အကြောင်းတို့၊ မှုခင်း ရာဇဝတ် အကြောင်းတို့ ထောင့်စေနေအောင် အကုန်သိမှ သူတို့ ဂျာနယ် မျိုးစုံနဲ့ လိုက်ဖက်တဲ့ အကြောင်းအရာ ပေါင်းစုံကို အင်တာဗျူး လုပ်တဲ့အခါ ချက်ကျ လက်ကျ ဖြေနိုင်တော့မှာပေါ့ … ကျုပ်ပြောတဲ့ စွယ်စုံသိ စွယ်စုံတတ် ရမယ် ဆိုတာ ဒါကိုပဲ ဆိုလိုတာ ပဲပေါ့ မောင်ဝါဝါရယ် … ဟဲ ဟဲ ဟဲ" ဟု ဆိုလာချေ တော့လေရာ အနုပညာ အတတ်ပညာကို စွယ်စုံ လေ့လာ သင်ယူထားသော စွယ်စုံ မင်းသား မောင်ဝါဝါမှာ ထိုစကားကို ကြားသည်တွင် ကိုယ့်ကိုယ်ကို သနားစာနာခြင်း ကြီးစွာ ဖြစ်၍ ကိုယ့်နဖူး ကိုယ်ပြန်ရိုက်ကာ ပက်လက်လန်ခြင်း အဖြစ်သို့ ရောက်လေတော့ သတည်း။


Net Guide Journal

Volume (2), Issue (38)

အစမ်းသပ်ခံ နှလုံးသားလေး

Posted: 13 Jun 2012 07:52 PM PDT

ကျွန်တော် နွယ့်ကို စတွေ့ခဲ့တုန်းက သာမန်ဇာတ်လမ်းလေးတစ်ပုဒ်လို့ပဲ ထင်ခဲ့မိတာပါ။

 

 

 

ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ နွယ် က အင်္ဂလိပ်စာ ပထမနှစ်ရဲ့ ကွင်း(Queen)၊ ကျွန်တော်က ရူပဗေဒပထမနှစ်ရဲ့ ကင်း (King)။

 

 

 

အထူးပြုဘာသာရပ်ချင်းမတူညီပေမဲ့ ကျွန်တော်နှင့် နွယ်ကတော့ ချစ်ခြင်းဆိုတဲ့အမိုးအောက်မှာ အတူတူ ရပ်မိခဲ့ကြသည်။ ဆယ်ကျော်သက်အရွယ်၊ သစ်ရွက်လေးလှုပ်တာတောင် ခိုးခိုးခစ်ခစ်ရယ်ချင်တဲ့အရွယ်၊ ရင်ခုန်သံကို အချစ်လို့ ထင်မှတ်တဲ့အရွယ်မှာ ကျွန်တော်တို့နှစ်ယောက်သည်လည်းပဲ သမီးရည်းစားဖြစ်ခဲ့တာ မဆန်း။ ဆန်းတာက ကျွန်တော်တို့နှစ်ယောက်ရဲ့ ကတိ။

 

 

 

"ရောင်ခြည် နင်နဲ့ငါ ကြားမှာ ကတိတစ်ခုတော့ လိုအပ်တယ်"

 

 

 

ကန်ဘောင်က ခုံတန်းလျားမှာထိုင်ရင်း နွယ်က ပြောသည်။

 

 

 

"နွယ်က ဘာကတိကိုပြောတာလဲ"

 

 

 

"ဒီလိုဟာ နင်နဲ့ငါဟာ တက္ကသိုလ်မှာတွေ့တယ် ပြီးတော့ သမီးရည်းစားတွေဖြစ်ကြတယ် ဆိုပေမဲ့ သာမန်သမီးရည်းစားပုံစံမျိုးနဲ့ ဇာတ်သိမ်းမှာကို ငါမလိုလားဘူး။ အဲ့တော့…"

 

 

 

နွယ်ရဲ့ ဆက်ပြောမည့်စကားကို ကျွန်တော် မျှော်လင့်နေမိသည်။

 

 

 

"ပြောလေ..နွယ်.. အဲ့တော့ ဘာဖြစ်လဲ.."

 

 

 

ကျွန်တော့်အမေးကြောင့် နွယ်က ကျွန်တော့်ကို ကြည့်ရင်းပြုံးကာ-

 

 

 

"ငါတို့ နောက်ထပ်ရည်းစားတွေ ထပ်ထားကြမယ်"

 

 

 

"ဘယ်လို..ဘယ်လို..နွယ် ပြောတာ ကိုယ်မရှင်းဘူး"

 

 

 

နွယ့်စကားကို ကျွန်တော် နားမလည်တာ အမှန်ပါ။

 

 

 

"ငါအရင်မေးရဦးမယ် ရောင်ခြည်.. နင် ငါ့အပေါ် တကယ်ချစ်ခဲ့တာလား"

 

 

 

တကယ်ချစ်မချစ် ကျွန်တော် ကိုယ်တိုင်သေချာမသိပေမဲ့ နွယ့်ကို-

 

 

 

"တကယ်ချစ်ခဲ့တာပါ နွယ်"

 

 

 

"ကောင်းပါပြီလေ.. ငါလဲ နင့်အပေါ် တကယ်ချစ်တယ်. ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးရဲ့ အချစ်ကို စမ်းသပ်ရဦးမယ်…"

 

 

 

"နွယ်က ဘယ်လို စမ်းမှာလဲ…"

 

 

 

"ငါတို့နှစ်ယောက်လုံးက အခုမှ တက္ကသိုလ်ပထမနှစ်ပဲရှိသေးတယ်လေ..နောက်ထပ် ၂နှစ်ဆက်တက်ရဦးမှာ..အဲ့တော့ အဲ့ဒီ့နှစ်နှစ်အတွင်းမှာ နင့်ဘက်က ရည်းစားထပ်ထားပိုင်ခွင့်ရှိသလို ငါ့ ဘက်မှာလဲ ထားပိုင်ခွင့်ရှိတယ်… ဒါပေမဲ့ အပျော်သဘောမျိုးပဲဖြစ်ရတယ်..အချိန်တန်ရင် အဲ့ရည်းစားတွေဖြတ်ရမယ်..ကျောင်းပြီးသွားတဲ့အချိန်ထိ နင့်ဘက်က နောက်ထပ်ရည်းစားတွေ အများကြီး တွဲခဲ့ပေမဲ့ ငါ့ကိုချစ်နေတုန်းပဲ ၊ ငါဘက်ကလဲ ရည်းစားတွေထပ်ထားခဲ့ပေမဲ့ နင့်ကိုချစ်နေတုန်းပဲ ..အဲလိုမျိုး နှစ်ဦးသဘောတူ ချစ်နေကြတုန်းပဲ ဆိုရင် ငါတို့လက်ထက်ကြမယ်… ဘယ်လိုလဲ.."

 

 

 

နွယ်ဘာသဘောနဲ့ အခုမျိုး စိတ်ကူးတာလဲ ကျွန်တော် မသိပေမဲ့ ကျွန်တော် နွယ်စိတ်ကူးကို သဘောကျမိတာတော့ အမှန်ပါ။

 

 

 

"ကောင်းပြီလေ.. ငါသဘောတူတယ်.. တစ်ခုတော့ရှိတယ်.. ငါတို့နောက်ထပ်ရည်းစားထားပိုင်ခွင့်ရှိတယ် ဆိုပေမဲ့.. လွန်လွန်ကျူးကျူးဖြစ်သွားတဲ့ အခါကျတော့ရော.. ငါပြောတာ နင်ဖြစ်ဖြစ် ငါဖြစ်ဖြစ်ပေါ့.. မတော်တဆ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့…"

 

 

 

"ရောင်ခြည်..နင် မိန်းကလေးတစ်ယောက်ကို အဲလိုမျိုးမမေးသင့်ပေမဲ့ ဖြစ်နိုင်ချေ ဆိုတာ ရှိတဲ့အတွက် ငါဖြေမယ်.အဲလိုမျိုး လွန်လွန်ကျူးကျူး ဖြစ်ခဲ့တာတွေ ရှိခဲ့မယ်ဆိုရင် ကျောင်းပိတ်ချိန် နောက်ဆုံးအချိန်ထိ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ချစ်နေခဲ့ရင်တောင် လက်ထက်လို့မရဘူးလေ.."

 

 

 

"အိုကေလေ ငါ သဘောတူတယ်…"

 

 

 

"အိုကေ…"

 

 

 

ကျွန်တော်တို့နှစ်ယောက်ကြားက ကတိဟာ ဘယ်အသိသက်သေမှ မပါပဲနဲ့ ဖြစ်မြောက်သွားခဲ့ပါပြီ။ ကျွန်တော့်စိတ်ထဲတော့ နွယ်ဟာ ကျွန်တော့်အချစ်ကိုစမ်းသပ်ချင်လို့ အခုလိုမျိုး လုပ်ဆောင်ခြင်းဖြစ်သည်ဟုသာ ထင်မိပါသည်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပေါ့ပေါ့လေး တွေးခဲ့မိသည်။ နွယ်နောက်ထပ် ရည်းစားမထားနိုင်ပါဘူးဟု ကျွန်တော်ထင်ခဲ့သည်။ ကျွန်တော်ကိုယ်တိုင်လဲ နွယ့်ကိုတကယ်လေးလေးနက်နက်ချစ်မိလိမ့်မည် ဟု မထင်ခဲ့။

 

 

 

---------------------------------------------------------------------------------------------------------------------

 

 

 

"ရောင်ခြည်.. ဒါ ငါ့ ရည်းစားသက်ပိုင်တဲ့.. သက်ပိုင်.. ဒါရောင်ခြည်တဲ့…"

 

 

 

ကျွန်တော် တော်တော်အံ့သြသွားမိသည်။ ပထမနှစ်မှာ ကျွန်တော်တို့ ကတိထားခဲ့တယ် ဆိုပေမဲ့ ကျွန်တော်တို့ နှစ်ယောက်လုံး နောက်ထပ် ရည်းစား ထပ်မထားဖြစ်ခဲ့ပါ။

 

 

 

သို့သော် ပထမနှစ်ကျောင်းပြီးလို့ နောက်ဆုံးစာမေးပွဲရက်မှာ နွယ်က ကျွန်တော့်ကို-

 

 

 

"ငါတို့ နောက်ထပ်ရည်းစားထားတဲ့အခါ ပတ်ဝန်းကျင်က နင်နဲ့ငါကို သူငယ်ချင်းလို့ပဲ မြင်စေချင်တယ်… အဲဒီ့တော့ ငါတို့ နှစ်ယောက်ရဲ့ဇာတ်လမ်းကို ဒီမှာ အဆုံးသတ်ကြမယ်… ဒါမှ နောက်ထပ် ရည်းစားထားလို့ အဆင်ပြေမှာလေ… နို့မို့ဆို ပြသနာတွေ တက်လာနိုင်တယ်လေ.. ဒါကြောင့် ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို ငါတို့ရင်ထဲမှာပဲ ထားကြမယ်.. ဘယ်လိုလဲ…"

 

 

 

"အင်းလေ..နွယ်ပြောတာလဲ ဟုတ်တာပဲ.. နောက်ပြီး ငါနောက်ထပ်ရည်းစားချောချောလေးရတဲ့ အခါ နွယ်သ၀န်မတိုရဘူးနော်… ဟားးဟားးးဟားးး"

 

 

 

ကျွန်တော့်ရဲ့ စနောက်တဲ့စကားကို နွယ်က ပြုံးရုံလေးပြုံးနေခဲ့သည်။ သို့သော် ကျွန်တော်ကတော့ နောက်ထပ် ရည်းစားထပ်မထားဖြစ်ခဲ့ပါ။ နွယ်လဲ မထားဖြစ်ဘူးလို့ ကျွန်တော် ထင်ထားခဲ့မိသည်။ ပတ်ဝန်းကျင်အမြင်မှာလဲ ကျွန်တော်တို့နှစ်ယောက်သည် သာမန်သူငယ်ချင်းပုံစံသာဖြစ်ခဲ့သည်။

 

 

 

ဒါပေမဲ့ အခုတော့ ကျွန်တော် တော်တော် အံ့သြသွားခဲ့ရသည်။ ကျွန်တော်တို့ တက္ကသိုလ်ဒုတိယနှစ်တက်ပြီး မကြာခင်မှာပင် နွယ်က သူ့ရည်းစားအသစ်လေး သက်ပိုင်ကို ကျွန်တော့်ရှေ့ခေါ်လာပြီး မိတ်ဆက်ပေးသောကြောင့်ပင်။

 

 

 

ကျွန်တော် ရင်ထဲနာကျင်ရသည်။ ကတိထားတုန်းက ပေါ့ပေါ့လေး တွေးခဲ့ပေမဲ့ အခုတော့ ကျွန်တော့်ရင်ထဲ နွယ့်ကို သ၀န်တိုမိသည်။ သို့သော် ကျွန်တော့်စိတ်ထဲ နွယ့်အပေါ် အပြစ်တင်စိတ် မဖြစ်ပေါ်ခဲ့ပါ။ နွယ့်နောက်ရည်းစားသက်ပိုင်ကိုပင် ညီအစ်ကိုလို ခင်မင်မှု ထားနိုင်ခဲ့သည်။ နွယ့်ကိုလဲ ကျွန်တော့်အချစ်ကို စမ်းသပ်ချင်သည့်စိတ်ကြောင့် သက်ပိုင်ကို ရည်းစားထားခဲ့ပေမဲ့ နွယ် ကျွန်တော့်အပေါ် ချစ်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်ခဲ့မိသည်။ ကျွန်တော့်ကတော့ နွယ်အပေါ် သာမန်သမီးရည်းစားပုံစံမျိုးမဟုတ်ပဲ တကယ်ကို လေးလေးနက်နက်ချစ်မိသွားခဲ့သည်။ နွယ်ကတော့ မသိနိုင်ပါဘူးလေ။

 

 

 

---------------------------------------------------------------------------------------------------------------------

 

 

 

အခု ကျွန်တော် နှင့် နွယ် တက္ကသိုလ် တတိယနှစ်သို့ ရောက်ခဲ့ပြီ။ ဒီအတောအတွင်း နွယ်ထားခဲ့သော ရည်းစား စုစုပေါင်း ၅ယောက်ရှိခဲ့သည်။ သက်ပိုင်၊ ရန်မျိုး၊ ၀င်းမောင်၊ နှင့် နောက်နှစ်ယောက်နာမည်တော့ ကျွန်တော် မမှတ်မိတော့။ အခုလဲ တတိယနှစ် နှစ်ဝက်သာရှိသေးသည်။ ရည်းစား၅ယောက်ထားပြီးသည့်အပြင် နွယ်နောက်ထပ် ရည်းစားထပ်ထားဦးမလား ကျွန်တော် မသိနိုင်။ သေချာတာကတော့ ကျွန်တော်လဲ နောက်ထပ် ရည်းစားတစ်ယောက်ထားခဲ့မိသည်။ သူမ နာမည်က မိုးသဲ။

 

 

 

မိုးသဲကိုကျွန်တော် အပင်ပန်းခံလိုက်ရခြင်းမဟုတ်ပဲ မိုးသဲဘာသာကျွန်တော့်အနားရောက်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ကရော ပုထုဇဉ်ပဲလေ။ ဘာအသားနဲ့ထုထားတာမှတ်လို့။ ဒါပေမဲ့ ကျွန်တော် ကို အတင်းလိုက်ပြီး အရောဝင်ခဲ့တဲ့ မိုးသဲကို ကျွန်တော် စိတ်ရင်းအမှန်က ညီမလေးတစ်ယောက်လိုပဲ ချစ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော့်မှာ အကြံအစည်ရှိတာကိုး။

 

 

 

သို့သော် ကျွန်တော့် အကြံအစည်သည် မအောင်မြင်ခဲ့ပါ။

 

 

 

---------------------------------------------------------------------------------------------------------------------

 

 

 

ဒီနေ့လေးသည် သာမန် စနေ နေ့မျိုးဟုသာ ကျွန်တော် ထင်ခဲ့သည်။ ကျွန်တော်နှင့် မိုးသဲသည် အအေးဆိုင်လေးတစ်ဆိုင်တွင် ထိုင်ရင်း စကားပြောနေကြသည်။

 

 

 

"ကိုကို ..မိုးသဲကို တကယ်ချစ်ရဲ့လားဟင်…"

 

 

 

မိုးသဲသည် ပထမနှစ်ကျောင်းသူဖြစ်သောကြောင့် တတိယနှစ်ကျောင်းသား ကျွန်တော့်ကို ကိုကို့ဟု ခေါ်ခဲ့သည်။

 

 

 

"ချစ်တာပေါ့ မိုးသဲရဲ့…"

 

 

 

"ဒါဆို မိုးသဲမေးမယ်.. ကိုကိုမှာ အရင်တုန်းက ရည်းစားရှိလားဟင်.. မိုးသဲက ကိုကို့အချစ်ဦးလား…"

 

 

 

ကလေးဆန်သော မိုးသဲရဲ့ မေးခွန်းကို ကျွန်တော် ဘယ်လိုဖြေရမလဲ။

 

 

 

"မေးနေတာ ဖြေလေ..ကိုကိုရဲ့.."

 

 

 

"အင်း..မရှိ.. မရှိပါဘူးကွာ.. မိုးသဲက ကိုကိုရဲ့ အချစ်ဦးပါ"

 

 

 

မတတ်နိုင်။ ကျွန်တော် လိမ်လိုက်မိသည်။ ကလေးဆန်သလောက် စိတ်ကောက်တတ်သော မိုးသဲ စိတ်ကောက်မှာကို ကျွန်တော် မလိုလား။ မိုးသဲစိတ်ကောက်ရင် ချော့ရတာလောက် စိတ်ညစ်တာ ကျွန်တော့်မှာမရှိ။ တစ်ဆက်တည်းမှာပင် ကျွန်တော် နွယ့်ကို သတိရမိသည်။ နွယ်သည် ကျွန်တော့်အပေါ် ဘယ်တုန်းကမှ စိတ်ကောက်တာ မရှိခဲ့သလို ဆိုးနွဲ့တာမျိုးမရှိခဲ့ပေ။

 

 

 

"ကိုကိုနဲ့ မမနွယ်က တကယ့်သူငယ်ချင်းလားဟင် ကိုကို"

 

 

 

"သူငယ်ချင်းလေ..မိုးသဲရဲ့.. မိုးသဲကိုတောင် မိတ်ဆက်ပေးထားတာပဲ..ဘာလို့လဲ.."

 

 

 

"ဟင်..ဒါဆို မမနွယ်က သူ့မင်္ဂလာဆောင်ကို သူ့ရဲ့ သူငယ်ချင်းအရင်းကြီး ဖြစ်တဲ့ကိုကို့ကို ဘာလို့မဖိတ်တာလဲ…"

 

 

 

"ဘာ……….. ဘယ်လို… ပြန်ပြောစမ်း မိုးသဲ.."

 

 

 

ကျွန်တော့်ရဲ့ ထိတ်လန့်တကြားအော်သံကြောင့် မိုးသဲ မျက်နှာ ရှုံ့မဲ့သွားသည်။

 

 

 

"မိုးသဲကို အဲလောက် မအော်ပါနဲ့.. ကိုကို မသိဘူးလား..ဒီနေ့ မမနွယ် အင်းယားလိတ်မှာ မင်္ဂလာဆောင်တယ်လေ.."

 

 

 

"ဒါကို မိုး..မိုးသဲ ဘယ်လိုသိလဲ…"

 

 

 

"မမနွယ်က မိုးသဲကို ဖုန်းဆက်ပြီးပြောတာလေ..ဒါပေမဲ့ မမနွယ်က ပြောတယ်..ကိုကို့ကိုပေးမသိစေနဲ့တဲ့..မင်္ဂလာဆောင်ပြီးနောက်နေ့မှ သိတဲ့… မိုးသဲက ဘာလို့လဲ ဆိုတော့ မမနွယ်က သူ့နဲ့အခုမင်္ဂလာဆောင်တဲ့သူက ကိုကိုနဲ့ရန်ဘက်တဲ့ .. အဲဒါ ကိုကိုကမင်္ဂလာဆောင်လာရင် မျက်နှာပူပြီး အားနာနေရမှာစိုးလို့တဲ့…"

 

 

 

"ဟာ..ဘာတွေလဲ..ဘယ်တုန်းကရန်ဘက်တွေလဲ..ကိုကို့မှာ နွယ်နဲ့ပတ်သက်ရင် တစ်ခါမှ ရန်ဘက် မရှိခဲ့ဘူး.."

 

 

 

"အဲဒါတော့ မိုးသဲလဲ မသိဘူးလေ..နေပါဦး..ကိုကိုက မမနွယ်မင်္ဂလာဆောင် မယ်ဆိုတာနဲ့ ဘာလို့ အခုလိုမျိုးပေါက်ကွဲပြနေတာလဲ…"

 

 

 

မိုးသဲကို ကျွန်တော် မလိမ်ချင်တော့ပါ။ ကျွန်တော် အမှန်တိုင်းဖွင့်ပြောပြမိသည်။

 

 

 

"ဒါဆို ကိုကိုတို့က ကျောင်းပြီးရင် လက်ထက်မဲ့ ချစ်သူတွေပေါ့…"

 

 

 

"ဟုတ်ပါတယ် မိုးသဲ.. ကိုကို့ နွယ့်ကို တကယ်ချစ်ပါတယ်.. နွယ်ရည်းစားဘယ်လောက်ထားထား ကိုကို အပြစ်မမြင်ပါဘူး… ကိုကို မိုးသဲကို ရည်းစားထားခဲ့တယ် ဆိုတာကလဲ နွယ် သ၀န်တိုမလား ဆိုတဲ့စိတ်နဲ့ စမ်းသပ်မိတာပါ.. ကိုကို့ကို ခွင့်လွှတ်ပါ မိုးသဲရယ်..ဒါပေမဲ့ ကိုကို ကံဆိုးပါတယ်လေ.. နွယ်က ကိုကို့စိတ်ကို နားမလည်ပါဘူး…"

 

 

 

"နားလည်တာပေါ့ ရောင်ခြည်…"

 

 

 

"ဟင်…"

 

 

 

ကျွန်တော်တို့အနောက်မှ ထွက်ပေါ်လာတဲ့စကားသံကြောင့် နောက်လှည့်မိတော့ နွယ်။

 

"နားလည်လို့ ရောင်ခြည်ကို စမ်းသပ်ခဲ့တာပေါ့"

 

 

 

"ဟုတ်ပါတယ် ကိုရောင်ခြည်..မိုးသဲက မမနွယ် ရဲ့ ညီအစ်မ ၀မ်းကွဲပါ.. မမနွယ်ကြောင့်သာ ကိုရောင်ခြည်ကို ချစ်ဟန်ဆောင်ပြီး မမနွယ်အပေါ် သစ္စာရှိမရှိ စမ်းသပ်ခဲ့တာပါ.. နောက်ပြီး မမနွယ် ထားခဲ့တယ် ဆိုတဲ့ ရည်းစား ၅ယောက်ကလဲ အတုတွေပါပဲ.. မမနွယ်က အကွက်ကျကျ စီမံပြီး လုပ်ဆောင်ခဲ့တာပါ…"

 

 

 

မိုးသဲ၏ ရှင်းပြချက်ကို နားထောင်ရင်း ကျွန်တော် တော်တော် အံ့သြမိသည်။

 

 

 

"ဒါဆို မိုးသဲသွားတော့မယ် မမနွယ်ရေ… နှစ်ယောက်သားရှင်းပေတော့နော်.."

 

 

 

ပြောပြောဆိုဆိုဖြင့်ပြေးထွက်သွားသော မိုးသဲကိုကြည့်ရင်း ကျွန်တော်အဖြစ်ကိုလဲ ကျွန်တော် နားမလည်နိုင်ခဲ့။

 

 

 

"ဘယ်လိုလဲရောင်ခြည် တော်တော်လေးမှ အံ့သြသွားလား.."

 

 

 

"ဟုတ်တာပေါ့..နေစမ်းပါဦး..နွယ်က ဘာလို့ အဲလို လုပ်တာလဲ.. ကို့ကို အချိန်တော်တော်ကြာတဲ့အထိ လိမ်ခဲ့တာ အံ့သြလို့မဆိုးဘူး.."

 

 

 

"ချစ်လို့ပေါ့ ရောင်ခြည်… ရောင်ခြည်ဘက်က နွယ့်ကို ဘယ်လိုသဘောထားမလဲ မသိခဲ့ပေမဲ့ နွယ်ဘက်က ရောင်ခြည့်ကို တကယ်ချစ်လို့ အခုလိုမျိုးလုပ်ခဲ့တာပါ.. နွယ့်ကို ခွင့်လွှတ်ပါနော်.."

 

 

 

"ခွင့်မလွှတ်နိုင်ဘူး.."

 

 

 

"ဟင်.."

 

 

 

"ဟုတ်တယ်..လုံးဝ ခွင့်မလွှတ်ဘူး…"

 

 

 

ကျွန်တော်ရဲ့ စကားကြောင့် နွယ်မျက်နှာလေး ညိုးနွမ်းသွားသည်။

 

 

 

"ဒါဆို ရောင်ခြည်ကြိုက်တဲ့အပြစ်ပေးပါ..နွယ် ခံယူပါ့မယ်.."

 

 

 

"တကယ်နော်.."

 

 

 

"တကယ်ပါ.."

 

 

 

"ဒါဆို အပြစ်တစ်ခုတော့ ပေးရမယ်.."

 

 

 

"ဘာများလဲဟင်.."

 

 

 

"မိုးသဲပြောသွားတယ်လေ..ဒီနေ့ နွယ် အင်းယားလိတ်မှာ မင်္ဂလာဆောင်တယ်ဆို.. အခုပဲ ကိုနဲ့နွယ် အင်းယားလိတ်သွားပြီး မင်္ဂလာဆောင်ရအောင်နော်…"

 

 

 

နွယ်ရဲ့ ရှက်ပြုံးလေးပြုံးသွားတဲ့ မျက်နှာလေးကို ကျွန်တော် ချစ်လိုက်တာ။ သေချာတာပေါ့။ နောက်ဆုံးတော့လဲ အစမ်းသပ်ခံ နှလုံးသားလေးအောင်ပွဲရလိုက်ခြင်းဖြစ်သည်။။။

 

 

ချစ်ညီမငယ်လေးတစ်ယောက်၏ တောင်းဆိုချက်ကြောင့် ရေးဖွဲ့မိခြင်းဖြစ်၏။ ။ ။

ဖတ်ရှု့အားပေးသူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ ။ ။

♥...♥¸.•တိတ်ဆိတ်စွာ တိုးဝင်လာသူ ♥...♥¸.•

Posted: 13 Jun 2012 02:31 PM PDT


♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥
သူမသည် ကျွန်တော့ ရင်ခွန်ထဲကို တိတ်ဆိတ်စွာဝင် လာတဲ့ရက်စွဲတွေတိုပေမဲ့ သံယောစဉ်တွေရှည်လျားသွား
စေခဲ့တယ်......တစ်ယောက်နဲ့တစ်ယောက် မသိ ဘယ်သူဘယ်ဝါမှန်းလဲ မသိခဲ့ကြပင်မဲ့လည်း
အဘယ်သို့သောသံယောဇဉ်တွေ ဖြစ်သွားတာလဲ အခုတော့အချိန်တိုင်းသတိရခြင်းတွေက ခြေထောက်ပေါက်ပြီး
ဒီအွန်လိုင်းရဲ့ နောက် တကောက်ကောက်လိုက်ခဲ့ရပီ ဟောဒီကောင်ရဲ့ အရှိုက်လွယ်တဲ့သတိရခြင်းတွေကိုပဲ
ချဉ်းနင်းပြီးဝင်ရောက်ကြလို ဒီ အချစ်တွေ ကတောက်ကဆ ဖြစ်နေခဲ့လေပြီ.........
♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥

♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥
ဘာမှ မဖြစ်နိုင်တဲ့ ဒီဇာတ်လမ်းကို ငါကိုယ်တိုင်ကလဲ မျှော်လင့်အသက်ဆက်နေလဲ ကိုယ့်ကိုကိုယ်လဲ
အပြစ်တင်မရက်တော့ဘူး.... နောင်ခါလာ နောင်ခါဈေးပေါ့ဆိုတဲ့အတိုင်း ပဲ ချောထဲရောထိုင်လုပ်ခဲ့မိတယ်
မဖြစ်နိုင်မှန်း သိလျှက်နဲ့ ဒီ ဒဏ်ရာတွေပဲ ကျိကျိတက်ထပ်တိုး အိမ်မက်တွေ အလွမ်းမိုးရွာနေတာ နေရတော့မယ်
စိတ်အလိုကျ ဖျောက်ဖျက်ပြီး ဘယ်လောက်ထပ်ပြီးပေးဆပ်ရဦးမလဲကွာ အခုတော့ ငါကိုယ်တိုင်လဲ
သိလျှက်နဲ့ကျရှုံး တော့မှာလား အမှတ်သညာမကြီးတတ်ရင်တော့ အကောင်းသား ခုတော့လဲ ဟောင်းမသွားတဲ့စိတ်အတွက်
အွန်လိုင်း အရိပ်အောက်မှာပဲ ဒူးထောက်ကျရှုံးရမှာလား ငါမသိနိုင်တော့ဘူး
♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥

♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥
သေချာတာတစ်ခုက အမှတ်တမဲ့တွေကနေအမှတ်တရ ဖြစ်စေခဲ့တယ်
ငါကိုယ်တိုင်ကလဲ သေလောက်ကြီးကို ချစ်နေပါစေ ဖြစ်နိုင်ပမလား
ဒီမေးခွန်းကို ငါကိုယ်တောင်လဲအဖြေထုတ်လို့မရနိုင်တော့ဘူး
ဒီအဖြေကို လေဟာနယ်က တိတ်တဆိတ် ရင်ခွင်ကို ချည်းကပ်လာတဲ့သူလေးပဲ
ပေးနိုင်လိမ့်မယ် ထင်တယ်........ မင်းလေးပေးနိုင်ပမလားးးး
မင်းလေးး ဖြစ်နိုင်ပလားးး ဖြစ်နိုင်သလားးး နောက်ဆုံးအချိန်တွေထိ
ဟုတ်ပမလားးး ဒီပညတ်ချက်တွေကြောင့် ငါ့မှာတော့ အခုတိုင်ထိ စိတ်ထွေးနေဆဲပါပဲ
သူသိနိုင်ပါစေ သူသိသွားပါစေ ကာရံမညီ ကဗျာမဟုတ်တဲ့ ဒီစာလေးတစ်ဆောင်ကိုပေါ့
တိတ်ဆိတ်စွာတိုးဝင်လာ သူရယ်
♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...♥*´`*•.¸♥...♥♥♥...♥¸.•*´`*♥...
yanyan

This posting includes an audio/video/photo media file: Download Now

တစ်ခုခုတော့ရမှာပါ

Posted: 13 Jun 2012 08:28 AM PDT

                                                ရင့်ကျတ်သူတို့ အရည်အချင်းနှင့် အတွေးအခေါ်များ

     ( 1 ) ဟာသဥာဏ်ရှိခြင်း

     ( 2 ) ကြိုတင်စဉ်းစားတတ်ခြင်း

     ( 3 ) ကိုယ်ကိုကိုယ်အားကိုးခြင်း

     ( 4 ) ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိခြင်း

     ( 5 ) မလိုလားအပ်သော အပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း

     ( 6 ) ဘက်မလိုက်ခြင်း စသော

             အရွယ်ရောက်ပြီးသူတို့ထားရှိရမည့်စစ်မှန်သောသဘောထား ရှိမှသာလူတစ်ယောက် ကို စိတ်ဓာတ်ရင့်ကျတ်သူဟု ဆိုနိုင်မည်။ ၄င်းသူကား တစ်နေ့နေ့ တချိန်ချိန် ဟူသော မပြတ်မသားတွေးခေါ်မူမရှိပေ။ လော ကဓံရှစ်ပါးအား လက်ခံ၏။ အရာရာကို ဓမ္မဓိဌာန်ကျကျ ရှုမြင်ဆင်ခြင်တတ်၏။

အတ္တစိတ်ကိုချိုးနှိမ်ပျယ် ဖျတ်ကာ အများအကျိုးဆောင်၏။

အခြားသူများကြီးပွားပါက မုဒိတာစိတ်ပွားများတတ်သူဖြစ်၏။

စစ်မှန် သောဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ဝံ့၏။

သိစိတ်ဖြင့်ယှဉ်ကာ စိတ်လိုက်မာန်ပါ အပြုအမူကိုလည်း ထိန်းချုပ် နိုင်၏။

ကိစ္စတစ်ခုအား နှိုင်းဆချင့်ချိန်တွေးတောပြီးမှ ဆောင်ရွက်၏။ မှားယွင်းခဲ့သော်၊ ယင်းအမှားအ တွက် တာဝန်ယူဝံ့၏။

       ကိစ္စလတ်လတ် ၊ ပြီးစေအပ်သည်၊ အားလတ်မှသာ မဟူရာတည်း၊

ထပ်ဆင့်တင်ပြခြင်း

ဒီဇာတ်လမ်းမှာ ဘယ်သူသာ ဘယ်သူနာ

Posted: 13 Jun 2012 07:43 AM PDT

ဒီဇာတ်လမ်းမှာ ဘယ်သူသာ ဘယ်သူနာ


ဒီဇာတ်လမ်းမှာ လောလောဆယ်ထိတော့ မိအေး၂ခါနာရုံမက အကြိမ်ကြိမ်နာပါတယ်။ လူများစုဟာ လူနည်းစုကို ညှာတာထောက်ထားသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းတယ်။သိပ်မကြာဘူး ဒေါ်အောင်ဆန်းစုကြည်ကို ပက်ပက်စက်စက် အပုပ်ချခဲ့တဲ့ ၀က်ဘ်ဆိုက်တွေရဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒတွေ ချက်ခြင်း အသံကျယ်လာတယ်။ အမျိုးချစ်စိတ်နဲ့ မခံချင်စိတ်ယမ်းပုံမှာ မီးစတွေက တဖွားဖွား လောင်ရာပင့်တဲ့ လေတိုးသံတညံညံ။

 

နေရာအတော်များများမှာ ရခိုင်နယ်ခံတွေကနည်းပြီး ခိုးဝင်နေတဲ့ ဘင်္ဂါလီထုကများနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် မသိရော့လေသလားလို့ အနက်ကောက်လွဲအောင်တွန်းပို့သံတွေ ဆူညံခဲ့တယ်။ ရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည် တသောင်းနီးပါးဖြစ်ခဲ့ပြီ။ ဒီဖြစ်စဉ်မတိုင်ခင်နဲ့ ဒီဖြစ်စဉ်အတောအတွင်းမှာ အမည်ဝှက်တွေနဲ့ ဖေ့စ်ဘုတ်ခ်တွေမှာအမျိုးသားရေး တံဆိပ်ခေါင်းကပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဆဲဆိုသံတွေ ဘာလို့ပွက်လောညံရသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ထွက်ရတော့မယ့်အချိန်နဲ့ တိုက်ဆိုင်ပေါက်ကွဲဆူညံနေတာ ဘာကြောင့်လဲ။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

ငြိမ်းချမ်းရေးတရားတွေ လူသားချင်းစာနာထောက်ထားမှုတွေ တိုးမပေါက်တော့ဘူး၊ ဥပဒေဘက်တော်သား လိုလို ငြိမ်းချမ်းရေးသမားလိုလို စေ့စပ်ရေးသမားလိုလို လာမလုပ်နဲ့လို့ တိုက်ပွဲခရာတွတ်သံတွေကြားတယ်။ ကလဲ့စားဇာတ်လမ်းနဲ့ တောရိုင်းဥပဒေသဟာ သူသေကိုယ်သေ သံသရာစက်ဝိုင်းဆိုတာမေ့ထားကြမယ်။ ရန်နဲ့ငါနဲ့ စည်းပြတ်မယ်လား။ ငါတို့နဲ့ သူတို့ သူသေကိုယ်ကြေ သူနာကိုယ်နာ စစ်ဆင်ရေးဆီသွားကြမလား။ သတ်ခိုင်းဖြတ်ခိုင်းသံတွေ အင်တာနက်မှာ ဆူညံခဲ့သမျှ ဒေသခံတွေ ကလေးငယ်တွေ အမေတွေ အဖွားအိုတွေ ဒီဒုက္ခတွေ နောက်ဆက်တွဲတွေ ခံစားကြရရှာတယ်။ ရခိုင်ပြည်နယ်က အရပ်သားတွေ သေကျေခဲ့ရပြီ။ အိုးမဲ့အိမ်မဲ့ထောင်သောင်းချီခဲ့ပြီ။ အလုပ်ပျက်အကိုင်ပျက် စီးပွားပျက် လယ်စိုက်ပျက် ငါးဖမ်းပျက် ကျောင်းသင်ခန်းစာတွေပျက် အိပ်မက်တွေပျက် မနက်ဖြန်တွေပျက် ဘ၀တွေပျက်ခဲ့ပြီ။

 

အင်တာနက်တကြောမှာတော့ ခုချိန်ထိ သွေးတညှီညှီ လက်စားချေသံ ဒုတ်သံဒါးသံ ပွက်ပွက်ညံနေတုန်း။ နောင်နှစ်ပေါင်းများစွာ မကျက်တော့မယ့် စိတ်အနာတရတွေ နာကျည်းမှုတွေ ပိုလာခဲ့ပြီ။ ခုလို ရှေ့တန်းဆန် စစ်မြေပြင်ဆန်ဆန်ဖြစ်နေတဲ့ အနောက်ဖက်ကမ်းခြေ ပြေလည်ခဲ့ရင်တောင် တပ်ဦးမှာ စိတ်ပိုင်းရုပ်ပိုင်း ချုံးချုံးကျလူသားဘ၀တွေ ကျန်းမာရေး ပညာရေး စီးပွားရေး ပြန်လည်ထူထောင်ရေးကိစ္စတွေ အားလုံးပဲ အတော်ကြာကြာ ဖြေရှင်းယူရတော့မယ် နာတာရှည်ကင်ဆာအရေးတခု ဖြစ်လာတော့မယ်။ နကိုထဲက သဘာဝဓါတ်ငွေ့မုဆိုးတွေ ခြေချင်းလိမ်ပြီး အရိုးခံနယ်သားတွေ သင်းသတ်ခံထားရတဲ့နေရာမှာ မြေနိမ့်ရာ လှံစိုက်ခံရပြန်တယ်။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

တရားဥပဒေစိုးမိုးရေးကိုအဓိကထားဖို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုခဲ့တယ်။ တရားမ၀င် လာနေတဲ့ ဘင်္ဂါလီတွေကို ဥပဒေအရ နိုင်ငံရေးအရ ပြန်နှင်ထုတ်နိုင်အောင် သူတို့လာရာအရပ်ကို ပြန်ပို့နိုင်အောင် အစိုးရဘက်က ငြိမ်းချမ်းစွာဖြေရှင်းဖို့နည်း အေးအေးညောင်းညောင်း ၀ိုင်းဝန်းဖြေရှင်းနည်းတွေ လုံးဝလုံးဝ မထွန်းကားဘူး။ တုတ်ဆွဲဒါးဆွဲ ဘင်္ဂါလီမောင်းထုတ်ရေးတွေပဲ တိုက်တွန်းသံတွေ ဆူညံခဲ့တဲ့ထဲ သမတရုံးက ပုဂ္ဂိုလ်ကျော်တွေကအစ ဥပဒေနည်းကျ ပြန်ပို့နှင်ထုတ်ရေးထက် စစ်သွေးကြွဆန်ဆန် လက်လွတ်စပါယ် တိုက်ထုတ်ရေးတွေ ဘာကြောင့်ကြွေးကြော် သွေးထိုးဝါဒဖြန့်ခဲ့ရသလဲ။ တကမ္ဘာလုံးက အစ္စလာမ်မစ် စစ်သွေးကြွ အစွန်းရောက်တွေနဲ့ မြန်မာပြည်က အစွန်းရောက်တွေ အတိအလင်း စစ်ကျေညာတော့မယ့် လမ်းကြောင်းကို တွန်းပို့သံ ဆူညံသွားခဲ့တယ်။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

ဆယ်စုနှစ်ပေါင်းများစွာ အနောက်ဘက်ကမ်းမှာ အဖမ်းအဆီးမဲ့ ၀င်လာခွင့်ပေးထားကြတာ ဘယ်သူတွေလဲ။ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ခေတ်မှာ တစိမ်းတွေ နိုင်ငံသားကဒ်ရထားကြတာ ဘယ်သူတွေကြောင့်လဲ။ လူဦးရေ သန်းပေါင်း၁၃၀၀ရှိတဲ့ တရုပ်နဲ့ အိမ်နီးချင်း။ သန်းပေါင်း ၁၂၀၀ရှိတယ် အိန္ဒိယနဲ့ ကပ်နေတယ်။ သန်းပေါင်း ၁၅၀ ဘင်္ဂလားဒေ့ရှ်နဲ့ ထိနေတယ်။ အနှစ်၃၀အတွင်း သန်းခေါင်းစာရင်း သေချာမကောက်ခဲ့ဘူး။ မြန်မာပြည် တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ကျော်မှာ လူဦးရေဘယ်နှစ်သန်းရှိသလဲမမေးနဲ့။ ဦးခင်ရီ မသိ။ ခိုးဝင်လာခဲ့တဲ့ ဘင်္ဂါလီတွေကိုထားတော့။ မှတ်ပုံတင်မရှိတဲ့ သန်းခေါင်စာရင်းမ၀င်တဲ့ တိုင်းရင်းသားစစ်စစ် တွေဘယ်နှစ်သန်းရှိလဲ လူဝင်မှုကြီးကြပ်ရေး ဦးခင်ရီမသိဘူး။ စစ်အစိုးရလက်ထက် နှစ်၂၀ကျော်အတွင်း အရှေ့ဘက်က အနောက်ဘက်က မြောက်ဘက်ကဘယ်နှစ်သန်းဝင်လာခဲ့ကြလဲ။ ကိုယ့်လူတွေရော ဘယ်နှစ်သန်းလောက် တောင်ဘက်ကို လောက်ထွက်ပြေးထားကြလဲ။ လ၀ကတွေ သေချာမသိနှိုင်ဘူး။

 

ဥပဒေအရ မြန်မာနိုင်ငံသားလို့ဆိုနှိုင်တဲ့ အင်္ဂလိပ်မြန်မာပထမစစ်ပွဲကာလ ၁၈၂၄ မတိုင်ခင်ကာလကို ထားအုံး။ လွတ်လပ်ရေးခတ်ကတည်းက တွက်မယ်ဆိုရင်တောင်ဝေးပြီ။ အနောက်ဘက်ကလာတာ ပြည်မထဲမှာ ဘယ်နှစ်သန်းလဲ။ အရှေ့ဘက်ကလာတာ ဘယ်နှစ်သန်းလဲ။ အတိတ်ကိုမနိုင်ရင်တောင် အနာဂါတ် အနောက်က သန်း၁၂၀၀။ အရှေ့က သန်း ၁၃၀၀ကြား တရားမ၀င်ရောက်လာကြရင် ဥပဒေအရ ဘယ်လိုရှင်းကြမလဲဆိုတာရော အစိုးရသစ်ငါးနှစ်အတွင်း အဖြေရှိမယ့်ပုံပေါ်ပါ့မလား။ တာဝန်ခံတဲ့ အစိုးရ လုပ်နည်းသင်ခန်းစာ အခြေခံကစပြီး လေ့လာနေတုန်းပုံပေါက်တဲ့ အစိုးရလက်ထက် အနောက်ဘက်ကမ်းမှာ အနိဌာရုံတွေ ကမ်းလုံးပြည့်ခဲ့ပါပြီ။ ဒီဖြစ်စဉ်ကြောင့် တရားမ၀င် ခိုးဝင်နေထိုင်သူတွေ ကိစ္စ အတော်ကြီးမားေ နတာနဲ့ အစဉ်အဆက်က အာဏာပိုင်တွေ အာဏာကိုင်တွေ တာဝန်မခံခဲ့တဲ့ ဆိုးမွေတွေ ပေါ်လွင်လာပေမယ့် အိုးပစ်အိမ်ပစ် ရခိုင်ပြည်နယ်မှာ လောင်မီးကျသလို ဖြစ်ခဲ့ရပြီ။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။   

 

အရိပ်နေနေ အခက်ချိုးချိုး သူတို့က ဒီကိစ္စကိုစတယ်လို့ ပြောကြပါတယ်။ စနစ်တကျ ကြိုတင်စီစဉ်သတ်ဖြတ် အဓမ္မ ပြုကျင့်တယ်လို့ ဆိုကြတယ်။ အဓမ္မပြုကျင့်ခံရတာ သတ်ဖြတ်ခံရတာတွေ မှုခင်းဂျာနယ်မှာ ရဲတပ်ဖွဲ့TV ချန်နယ် တွေမှာ အမြဲလိုလိုပါနေတတ်ပေမယ့် မျက်နှာအုပ်ပြီး ဓါတ်ပုံရိုက်ကြတယ်။ အကျူးလွန်ခံရသူရဲ့ ဂုဏ်သိက္ခာကို ထိန်းလေ့ရှိကြတယ်။ ဘယ်ဘာသာဝင်က ဘယ်ဘာသာဝင်ကို ဒီလိုလုပ်ပါတယ်ဆိုတာ မှုခင်း သတင်းမှာ ရေးဖို့မလိုအပ်ပေမယ့် ကိုယ့်လူတွေကတော့ သိသိသာသာ ရေးပြနေကြတာဘာကြောင့်လဲ။ ဘာရည်ရွယ်ခဲ့ကြတာလဲ။ မသီတာထွေးရဲ့ မြင်မကောင်းရှုမကောင်းပုံတွေ မကြည့်ရက်စရာတွေ ဗုံးပေါလအော တင်ပြခဲ့ကြတယ်။ မသီတာထွေး ဂုဏ်သိက္ခာ အကြိမ်ကြိမ် အသတ်ဖြတ်ခံခဲ့ရတယ်။ သူ့မိဘသားချင်းတွေလည်း အကြိမ်ကြိမ် မချိတင်ကဲဖြစ်ကြရှာမယ်။

 

ဘယ်သတင်းထောက်မှ မရှိတဲ့နေရာတွေက သွေးသံရဲရဲ ဓါတ်ပုံတွေအပြင် တရားရုံးက မစစ်ဆေးရသေးခင် အမိန့်မချရသေးခင် အင်တာနက်လောကသားတွေက အမိန့်ချခံလိုက်ရတဲ့ တရားခံပုံတွေ ချက်ခြင်းပဲ လူမှုရေးဝက်ဘ်ဆိုက်တွေ ဘလော့ဂ်တွေ အင်တာနက်မှာ ပလူပျံသွားတာ ဘာကြောင့်လဲ။ တိုက်တိုက်ဆိုင်ဆိုင် ဘယ်တုန်းက လူသတ်မှုမှန်းမသိရတဲ့ လူသေပုံတွေမျိုးစုံ အတုတွေ ဟိုမှာဒီမှာပေါ်လာတာ ဘာကြောင့်လဲ။ အခြေအမြစ် မရှိပဲ အမုန်းတရားပိုများလာစေမယ့် နားစွန်နားဖျား ကောလဟလတွေ ပလူပျံခဲ့တာ ဘာကြောင့်လဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးကို နစ်နစ်နာနာ တိုက်ခိုက်ခဲ့သူတွေက ဒီဖြစ်စဉ်မှာလဲ မကျန်ခဲ့ဘူး။ မှိုချိုးမြှစ်ချိုးပြောပြီးသား။ မြန်မာစစ်ဗိုလ်ပေါက်စတွေ ကျောင်းတက်နေတဲ့ ရုရှား အိုင်ပီတွေကနေ ပေါ်ပေါ်တင်တင် အုပ်စုလိုက် အင်တာနက်ပြစ်မှုတွေ အချိန်ကိုက် ကျူးလွန်လာကြတာဘာကြောင့်လဲ။ အင်တာနက်မှာ ဖတ်သမျှယုံလွယ်ခဲ့ကြတာကြောင့်လား။ အင်တာနက်မှာ ဟုတ်ဟုတ်မဟုတ်ဟုတ် ရေးချင်သလို ရေးနှိုင်တယ် ယူဆတာတွေကြောင့်လား။ ဟောဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

 

ခွဲခြားနှိမ့်ချ ဆက်ဆံတဲ့စကားလုံးတွေ ယမ်းစမီးထိုးအသုံးအနှုန်းတွေကို အစိုးရမီဒီယာကအစ ဘာကြောင့် သုံးခဲ့ရတာလဲ။ ဟိုးလေးတကျော်အမှု စဖြစ်ဖြစ်ချင်း အပြန်အလှန်ရန်စောင်နေကြတဲ့ အခြေအနေမှာတောင်တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ ဘာကြောင့်နှောင့်နှေးလေးကွေး ခဲ့ရတာလဲ။ အချိန်ဟာငွေမဟုတ်ဘူး။ အချိန်ဟာ အသက်တချောင်း။ အသက်တသောင်း။ ဘ၀ပေါင်းများစွာ။ အလှပေါင်းများစွာ။ အနောက်ဘက် ကမ်းသားတွေ ပေးဆပ်ခဲ့ရတယ်။ မူဆလင် ဘုရားဖူး ခရီးသွားတွေ ကားပေါ်ပါလာမယ့်နေ့ တောင်ကုတ်မှာ စာတွေဝေတယ်။နှိုးဆွထားတယ်။ မသီတာထွေးအတွက်ရင်နာနေကြတယ်။ တရားဥပဒေအတိုင်း စီရင် ကြပါ့မလား။ လူတွေကရဲတွေကို တသက်လုံးမယုံခဲ့ဘူး။ အမျိုးဘာသာအတွက် ဗီနိုင်းတွေ ကြော်ငြာတွေ ဆိုင်းဘုတ်တင်ကြတယ်။ တနေကုန် တောင်ကုတ်မှာ မူဆလင် ဆန့်ကျင်ရေး စည်းရုံးဆော်သြနေခဲ့တဲ့ ၀ံသာနုရက္ခိတအဖွဲ့ဟာ ဘယ်သူတွေလဲ။ တကယ်ပဲလား။ အယောင်ဆောင်တာလား။ ရိုးရိုးဒေါသလား။ ထောက်လှမ်းရေးက သတင်းတပ်ဖွဲ့က တာဝန်ရှိသူတွေက တကယ်မသိခဲ့ဘူးတဲ့လား။ ညနေခင်းရဲကင်းနား ရုန်းရင်းဆန်ခတ်ဖြစ်လဲ ရဲကအချိန်မီ မကာကွယ်နိုင်ဘူးလား။ ဖြစ်ပြီးတော့ရော ဘယ်သူ စုံစမ်းစစ်ဆေးမလဲ။ ကာကွယ်ရေး ၀န်ကြီးဌာန ကာကွယ်ရေး ဦးစီးချုပ်ရဲ့ စစ်တပ်က ပြည်သူကို ချက်ခြင်း အချိန်မရွေး ကာကွယ်ဖို့ မဟုတ်ဘူးလား။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

အပြစ်မဲ့ခရီးသွားတွေကိုသတ်တဲ့လူအုပ်ဟာ နယ်ခံတွေ မဟုတ်ပါဘူးလို့ တောင်ကုတ်သားနယ်ခံ ရခိုင်အမျိုးသားတွေပြောတယ်။ သူတို့နယ်ခံတွေ ဒီလောက်ရက်စက်ခဲ့တယ်လို့ အထင်ခံရမှာစိုးတယ်။ ဒီတိုင်းသာဆို ဒီလောက်မဆိုးရွားခဲ့ဖူးတဲ့ ဒီနယ်မှာ ဘယ်သူတွေ ဘယ်ကလာ ဒီလောက်လုပ်တာလဲ။ လဘက်ရည်ဆိုင်မှာ နိုင်ငံရေးစကား တိုးတိုးပြောသမျှတောင်သိခဲ့တဲ့ သတင်းတပ်ဖွဲ့ ဘယ်မလဲ။ဒါလောက် ဟိုးလေးတကြော် မီးထိုးနေတာတွေ လူအုပ်တွေကို ထောက်လှမ်းရေး ဘာကြောင့် မသိကြ သလဲ။ ဘာကြောင့် မတားဆီးနှိုင်ခဲ့သလဲ။ ရခိုင်လူထုနေတဲ့ ရွာတွေကို ဘင်္ဂါလီတွေက မီးရှို့တော့လဲ ရဲမရှိ။ ၂ဘက် အပြန်အလှန် မီးရှို့နေတော့လဲ ရဲမနိုင်။ တသက်လုံးအဖမ်းအဆီးလက်ရဲဇက်ရဲနေခဲ့တဲ့သူတွေ ရိုက်နှက်နှိပ်စက် လက်ယဉ်နေခဲ့ဖူးတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဘာကြောင့် ကြိုမသိ ဘာကြောင့်မတားဆီးနိုင် ဘာကြောင့် မဖမ်းဆီးနိုင်ခဲ့သလဲ။ ဘာကြောင့် မထိန်းသိမ်းနှိုင်ခဲ့သလဲ။  

 

အင်အားကောင်းလှပါတယ်ဆိုတဲ့ ကြံ့ဖွံ့ပါတီဝင်တွေ။ တရားမ၀င်ဘင်္ဂါလီတွေ မှတ်ပုံတင်ရစေရမယ့်အာမခံ မဲဆွယ်ပီးမှ မြန်မာပြည်မကြီးဆီ လွတ်လပ်စွာခရီးသွား ဆေးကုနိုင်ရစေ့မယ် ကတိတွေ ပေးခဲ့ပြီးမှ  ရခိုင်အမတ်တွေကိုရှုံးခဲ့တဲ့ ကြံဖွံ့ပါတီ ဒီကိစ္စ ဒီဇာတ်လမ်းမှာ ဘယ်ပျောက်နေလဲ။ တပ်နဲ့ရဲက ထိန်းထိန်း သိမ်းသိမ်း ၀င်ရှင်းပေးနေတာ ကျေးဇူးတင် စရာ ကောင်းပေမယ့် မြန်မာ့တပ်မတော်ဒီထက်ပို မတတ်နှိုင် တော့ဘူးလား။ တပ်တွေရှိလျက်နဲ့ အပြစ်မဲ့ အိမ်ယာတွေမှာ မီးခိုးတွေအူနေတုန်း။ အော်သံဟစ်သံ နာကျင်ကြေကွဲသံ ငိုကြွေးသံတွေ ဆူညံနေတုန်း။ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူတွေသာလဲ ဘယ်သူတွေနာလဲ။

 

ပြည်တွင်းပြည်ပ ကင်မရာရှုဒေါင့်ဟာ အနောက်ဘက်ကမ်းမှာပဲ ရှိနေသေးတယ်။ ဆွဲဆောင်မှုကောင်းလှတဲ့ အနောက်ဘက်ကမ်းခြေကို နိုင်ငံခြားခရီးသည်တွေ လက်ရှောင်ကြပြီ။ ပြည်မကြီးမှာ လယ်သမားတွေရဲ့ လယ်သိမ်းယာသိမ်း အမှုအခင်းတွေ လယ်သမားဒုက္ခတွေ ဆူညံနေသေးတယ်။ ဆင်းရဲသားထမင်းစားမယ့် လယ်တွေသိမ်း မြေတွေသိမ်းထားတဲ့ အဲဒီ လုပ်ငန်းရှင်သူဌေးကြီးတွေတချို့က လွှတ်တော်ထဲမှာ ငုတ်တုတ်။ ကချင်ဒုက္ခသည် ၆သောင်းလောက်ဘ၀တွေ ဘယ်တော့မှ ပြန်ပီးတည်ဆောက်ရမယ်မသိ။ တနှစ်တာ တိုက်ပွဲတွေအတွင်း ရာပေါင်းများစွာသေကျေခဲ့ပြီ။ အဓမ္မမှုတွေ ပေါ်တာတွေဖမ်းတာတွေ ဘ၀တွေပျက်ခဲ့ကြပြီ မြောက်ပိုင်းမှာ စစ်မီးမငြိမ်းသေးဘူး။ လျပ်စစ်မီးတောင်းဆိုမှုတွေ မြင်ကွင်းကပျောက်သွားပြီ။ အထည်ချုပ် အလုပ်သမလေးတွေ အနှိမ်ခံနေရတုန်း။ အလုပ်သမတွေရဲ့ ဆန္ဒပြတိုက်ပွဲတွေ အစာငတ်ခံတိုက်ပွဲတွေ မပြီးသေးဘူး။ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ တိုင်းရင်းသားဒုက္ခသည်တွေ သိန်းပေါင်းများစွာ အိမ်ပြန်နှိုင်ဖို့ လည်ဆန့်နေရတုန်း။ တပြည်တရွာမှာ မျက်နှာငယ်တုန်း။

 

အဖက်ဖက်ကသာ ချွတ်ခြုံကျနေလဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အင်တိုက်အားတိုက် ဘာမှလုပ်မပေးနှိုင်သေးဘူး။ သန့်ရှင်းတဲ့အစိုးရဆိုပြီး တကယ် သန့်ရှင်းပစ်ရမယ့် ပေကျံ ညစ်ပတ်စုတ်ပြတ် အကျင့်ပျက်ချစား အစိုးရဌာနတွေကို လှည့်တောင် မကြည့်အား သေးဘူး။ ပြည်သူ့အသံ လွှတ်တော်အသံလို့ ကတိက၀တ်တွေနဲ့ လွှတ်တော်ကြီးက ဘယ်ချိန်ပုံမှန်စည်းဝေး ဘယ်ချိန်လာ ဘယ်ချိန်ပြန်မယ်မသိတဲ့ ၀မ်းတွင်းရူး မောင်းနေတဲ့ ရထားလိုဖြစ်နေတုန်း။ ဒါတွေအားလုံး ကင်မရာရှုဒေါင့်ထဲမှာ ပျောက်ကွယ်သွားကြပြီ။ ဖြေရှင်းရမယ့် အချိန်ဆိုင်းလို့မရတဲ့ ချိန်ကိုက်ဗုံးတွေကို ခွထိုင်ထားကြတဲ့ ဒီပြဿနာပေါင်းများစွာကို ပြည်သူလူထု မေ့ထားစေချင် အာရုံလွှဲထားစေချင်တဲ့သူတွေ ရှိများရှိနေသလား။ ဒီဇာတ်လမ်းမှာ လောလောဆယ်ထိ ဘယ်သူသာလဲ ဘယ်သူနာလဲ။

 

အတိဒုက္ခများနေကြတဲ့ နာကျင်ငိုကြွေးနေကြတာမြင်ရတဲ့ ရခိုင်ကလေးငယ်တွေ အမေအိုတွေကို ကြည့်ကြည့်ပြီးနာနာကျင်ကျင် ၀မ်းပန်းတနည်းပဲ ခံစားရတာကတော့ ဗိုလ်ချုပ်အောင်ဆန်း အတန်တန် သတိပေးခဲ့တဲ့ မိအေး။ ၂ခါနာမယ်နော်လို့ သတိပေးခံခဲ့ရတဲ့ အဲဒီ မိအေး တယောက်ကတော့ အကြိမ်ကြိမ် နာပါတယ်။

ေ၇ွမြို့တော်သို့ပေးစာ..........

Posted: 13 Jun 2012 06:40 AM PDT

မင်္ဂလာပါေ၇ွမြို့တော်.....

ပြည်တွင်းမှာလည်းမငြိမ်သက်မူတွေနဲ့မို့ ၇ုပ်ချိုး၇ဲ့ကိစ္စကိုလည်းအကျယ်တ၀င့်မေ၇းချင်တော့ပါဖူးးးးးး

ဒါပေမယ့်နည်းနည်းတော့ေ၇းမိတယ်..

တစ်ချိန်ကမန်းဘာနဲ့အပ်မင်းဖြစ်လိုက်တဲ့ပြဿနာတိုင်းမှာ....၇ုပ်ချိုးတို့မန်းဘာတွေဘက်ကအလွန်လို့သက်မှတ်ခဲ့ဖူးတယ်...

မှတ်ချက်တွေပေးခဲ့ဖူးတယ်.....

၇ုပ်ချိုးကိုယ်တိုင်အကြောင်းပြချက်မ၇ှိနှစ်ခါအဘမ်းခံ၇ပြီးမှ...သိလာခဲ့၇တယ်....

အော်ဒီလိုလည်းဘမ်းတက်ပါသလားလို့မေးချင်မိတယ်....

၇ုပ်ချိုးလည်းမန်းဘားကောင်းဖြစ်ချင်စိတ်မ၇ှိတော့ပြီး..................

၇ုပ်ချိုးချစ်လှစွာသောေ၇ွမြို့တော်အပ်မင်းတွေကဤကဲ့သို့ ပါလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

မေးခွန်းထုက်ချင်ပါ၇ဲ့ ....အကြောင်းပြချက်မ၇ှိအဘမ်းခံ၇သည်..........ကို၇ုပ်ဆိုး(အထီးကျန်ငှက်ခလေး)

ကျောင်းက........ မှတ်တမ်းးလေးပါ........

Posted: 13 Jun 2012 06:21 AM PDT

           လွန်ခဲ့သော ၅နှစ်ခန့်က Gipsy Training Center မှ အောက်ပါ *အက်* ဥပဒေကို ရေးပေါ်ပြဌာန်းခဲ့သည်။။။။

ပုဒ်မ(၁)။          ။ ပိုးပမ်းသူများသော ကျောင်းသူများသည် မိမိနှစ်သက်ရာ ကျောင်းသားတစ်ယောက်ယောက်ကို ရွေးချယ်ပီးး ကျန်ကျောင်းသားများအား လိုအပ်နေသောသူများထံသို့ လွှဲပြောင်းပေးရမည်။။

ပုဒ်မ(၁၊က)။       ။ မိဘချင်းရင်းနှီးမှု့ကို အသုံးချပီးး ချည်းကပ်လာသော ကျောင်းသားများအား "ယုံကြည်မှုကို အလွဲသုံးစားလုပ်မှု" ဖြင့်လည်းကောင်း...။။

ပုဒ်မ(၁၊ခ)။          ။ ရည်းစားထည်လဲ တွဲတတ်သောသူများအား ပြည်သူပိုင်ပစည်း အလွဲသုံးစားပြုမှု့ ဖြင်းလည်းကောင်းးးး။။။။။။။။။။

ပုဒ်မ(၁၊ဂ)။          ။ မိမိချစ်သူအား လက်ဖျားနှင့်ပင်မထိ Shopping Mall, Sentosa, Cinema အစရှိသော သမီးရည်းစား တို့၏ ဆောင်ရွက်ဖွယ်အ၀၀ တို့ကို လစ်ဟင်းပါက ၀တ်တရားပျက်ကွက်မှု ဖြင့်လည်းကောင်းးးး........

ပုဒ်မ(၂၊က)။            ။ကျောင်းသားများအား ချစ်စဖွယ်စကားဆိုပြီး ညာညာခိုင်းတတ်သော ကျောင်းသူများအား လုပ်အားခ မပေးဘဲ စေခိုင်းမှု  ဖြင့်လည်းကောင်း။။။။။။။

ပုဒ်မ(၂၊ခ)။          ။ကျောင်းသားများအား မနှစ်သက်ပါဘဲ ပြီတီတီနှင့်အထာ ပေးတတ်သော ကျောင်းသူများအား သွေးဆောင်ဖျားယောင်မှု ဖြင့်လည်းကောင်း.။။။။။။။

ပုဒ်မ(၂၊ဂ)။။။     ။ ကျောင်းသူတစ်ဦးနှင့် ရည်ငံ လျှက်ရှိသော ကျောင်းသား ကို အခြားကျောင်းသူ တစ်ဦးးမှ ချစ်စဖွယ်အမှုအရာများနှင့် ချဉ်းကပ်သိမ်းသွင်း ခြင်းကို နွားခိုးမှု ဖြင့်လည်းကောင်း..။။။။။။။။။။။

ပုဒ်မ(၃)။           ။ ကျောင်းသားတို့ကို ဂရုမစိုက်သော ကျောင်းသူများအား ဒုတ်ခရောက်နေသူကိုလျစ်လျူရှုမှု ဖြင့်လည်းကောင်း။။။။။။။

ပုဒ်မ(၃၊ဂ)။          ။ကျောင်း Canteen တွင် ဟောင်ဖွာဟောင်ဖွာ ပြောဆိုခြင်း ၊ သူတစ်ပါး အတင်းတုတ်ခြင်း ၊ ကိုယ်ရည်သွေးကြွားဝါးခြင်း ၊ အစရှိသည်တို့ကို ပြုလုပ်ပါက နားအလိုမတူ ဆက်ဆံမှု ဖြင်းလည်းကောင်း။။။။။။။

ပုဒ်မ(၃၊ဃ)။        ။မိမိဆောင်ရွက်ရန်ရှိသော....... Project များ Assignment များကို ကိုယ်တိုင်မလုပ်ပဲ သူတစ်ပါးအား အကျွေးအမွေး နှင့် ချော့မော့ စေခိုင်းခြင်း ကို လာဘ်ပေး လာဘ်ယူမှု ဖြင့်လည်းကောင်း။။။။။။

ပုဒ်မ(၅)။           ။ရည်းစားရှိသော ကျောင်းသူတို့ကိုပိုးပမ်းသော ကျောင်းသားများအား တားမြစ်နယ်မြေ တွင်အမဲလိုက်မှု ဖြင့်လည်းကောင်း။။။။။။။။

ပုဒ်မ(၅၊က)။     ။ ရည်းစားရှိကျောင်းသူ နှင့် အတူသွားလာသူ ကျောင်းသား များအား မီတာဘောက်စ် မထားဘဲ လျှပ်စစ်ဓာတ်အားကိုခိုးယူ သုံးစွဲမှု ဖြင့်လည်းကောင်း။။။။

ပုဒ်မ(၆)။       ။ရည်းစားမဟုတ်ဘဲ ကျောင်းသူတစ်ယောက်ပြီးတစ်ယောက် နှင့် သွားလာနေထိုင်သော ကျောင်းသားများအား  နှာအလိုလိုက်မှု ဖြင့်လည်းကောင်းးးးးးး။။။။။။

စသည်တို့ဖြင့်ထိရောက်စွာအရေးယူသွားပါမည်.။။။။။။။။။။။။

Ref--------- အဆင်ပြေသလို ထုတ်လွှင့်လျှက်ရှိပြီးး ကြုံရင်ကြုံသလို ဖမ်းယူ နိုင်သော NYP ရေဒီယိုလှိုင်း (လှိုင်းတို ၁၀၉-၁၁၀)

အဟဲ အပျော်နော်....... ဘာသဘောမှမပါဘူးးးးးးးး သူငယ်ချင်းးတို့ ရယ်မောခြင်းတို့ဖြင့် ဘ၀အမောတွေပြေနိုင်ကျပါစေ..........

ရွှေမြို့တော်ပရဟိတအသင်း(ရန်ကုန်)မှ ကောက်ခံရရှိထားမူစာရင်း

Posted: 13 Jun 2012 05:54 AM PDT

ရခိုင်အထိကရုဏ်းဒဏ်ကြောင့် အိမ်မဲ့ယာမဲ့ ဒုက္ခသည်များကို

တတ်နိုင်သလောက်ဖေမကြရအောင်

အလှုဒါနနည်းများမဆို ရွှေမြိုတော်ပရဟိတအသင်းနဲ့ပါဝင်လှူဒါန်းကြပါရန်

လေးစားစွာဖိတ်ခေါ်ပါသည်။

အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများကိုသွားလှုကြမယ်ရွှေမြိုတော်

ပရဟိတအသင်းသားတို့ရေအလှူငွေများ ပါဝင်လှူဒါန်းချင်တယ်ဆိုရင်ဖြင့်

 

 ရန်ကုန်..email----->ygn.donation@shwemyotaw.com--

အမုန်းသခင်0943127350

ရှင်းသန့်မေ 09420057992

shinthantmay@shwemyotaw.com

မလေးရှား email-------->mly.donation@shwemyotaw.com phone------>0143291220


စင်္ကာပူ email------> shwemyotaw.family@gmail.com

phone----->+65 85488553

 
ကိုးရီးယား (Bofarဗိုလ်ဖား)bf.star501@gmail.com

phone-------->01021320604

ထိုင်း  -မီးသခင်  .   email- msmsdo@gmail.com

                 ph +66894304322  

 

လက်ရှိကောက်ခံထားမူစာရင်း

သီရီသန်းကြွယ်-20000

ကိုသီဟ-26000

ဦးငှက်ကြီး -50000

ရွှေမြိုသူ-100000

ငယ်ငယ် ရွှေမြိုသူ -130000

 

ရွြှေုမို့တော်ပရဟိတတာဝန်ခံ(ရန်ကုန်)

ရှင်းသန့်မေ

ဆက်သွယ်ရန်ဖုန်း (09420057992)

This posting includes an audio/video/photo media file: Download Now

ရွှေမြိုတော်နှင့်ဖူးစာရှင် က အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများအတွက် ပူးပေါင်းအလှု

Posted: 13 Jun 2012 03:55 AM PDT

အားလုံးသူငယ်ချင်းများမင်္ဂလာပါ

အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများအတွက် အစာရေဆာတွေပျက်လက်နေပါသဖြင့်

မ.မ ဦးဆောင်တဲ့ ဖူးစာရှင်လေးအဖွဲ့က

ရခိုင်ကိုကိုယ်တိုင်သွားလှုဒါန်မှာမိုလို့ ရွှေမြိုတော်နှင့်ဖူးစာရှင် ပူပေါင်းပြီး

 

ဖူးစာရှင်အဖွဲ့က နှစ်သိန်း

ရွှေမြိုတော်ပရဟိတက နှစ်သိန်း

လှုဒါန်းလိုက်ပါတယ် အားလုံး ပြုသမျှကုသိုလ်ကို သာဓုခေါ်ဆိုနိင်ပါတယ်ရှင်

နောက်ထပ်လည်း သွားလှူဒါန်းမှာဖြစ်တာကြောင့်

ပါဝင်လှူဒန်းပေးဖို့နှိုးဆော်လိုက်ပါတယ်ရှင်

သူငယ်ချင်းတိုရေအခုဆိုစစ်တွေဘက်ကို ကားလမ်းတွေပိတ်ထားနေပါပြီ

လေယာဉ်လမ်းဖွင့်ထားတုန်းမှာ

အလှူငွေတွေသွားလှူလို့ရအောင်

ပေးပိုစေချင်ပါတယ် သူငယ်ချင်းတို့တတ်နိုင်သလောက်ကူညီပေးပါအုန်း။

 

ရခိုင်အထိကရုဏ်းဒဏ်ကြောင့် အိမ်မဲ့ယာမဲ့ ဒုက္ခသည်များကို

တတ်နိုင်သလောက်ဖေမကြရအောင်

အလှုဒါနနည်းများမဆို ရွှေမြိုတော်ပရဟိတအသင်းနဲ့ပါဝင်လှူဒါန်းကြပါရန်

လေးစားစွာဖိတ်ခေါ်ပါသည်။

အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများကိုသွားလှုကြမယ်ရွှေမြိုတော်

ပရဟိတအသင်းသားတို့ရေအလှူငွေများ ပါဝင်လှူဒါန်းချင်တယ်ဆိုရင်ဖြင့်

 

 ရန်ကုန်..email----->ygn.donation@shwemyotaw.com--

အမုန်းသခင်0943127350

ရှင်းသန့်မေ 09420057992

shinthantmay@shwemyotaw.com

မလေးရှား email-------->mly.donation@shwemyotaw.com phone------>0143291220


စင်္ကာပူ email------> shwemyotaw.family@gmail.com

phone----->+65 85488553

 
ကိုးရီးယား (Bofarဗိုလ်ဖား)bf.star501@gmail.com

phone-------->01021320604

ထိုင်း  -မီးသခင်  .   email- msmsdo@gmail.com

                 ph +66894304322  

This posting includes an audio/video/photo media file: Download Now

ိတိုင်းရင်းသားများစည်းလုံးရေး

Posted: 13 Jun 2012 03:26 AM PDT

ဒီ ရိုဟင်ဂျာ ကုလားတွေကြောင့်

တိုင်းရင်းသားများမပြိုကွဲပါစေနဲ့။ ။ ။

ဒီရိုဟင်ဂျာ ကုလားတွေကြောင့်

မြန်မာနိုင်ငံကြီး မပြိုကွဲပါ စေနဲ့။ ။ ။

ဒီရိုဟင်ဂျာတွေမြန်မှာပြည်ကနေ

အမြန်ပျောက်ကွယ်စေလိုပါ၏။ ။ ။

ရေခဲရေသောက်ခြင်း ၏ အန္တရာယ်(ဆိုးကျိုး)

Posted: 13 Jun 2012 02:45 AM PDT

ရေခဲရေကိုလျော့သောက်ပါ

 

လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကို

ရေခဲစိမ်  ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။

 နေပူထဲမှပြန်လာပြီး  အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်း

ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်း

လိုက်ကြောင်းသိရသည်။

ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံးဝ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)

စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့

အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိုး Air Cooler ၀ယ်ပြီးအသုံးပြုနေသူများမှာ

မျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့်  လေမှုတ်ပန်ကာထဲသို့ရေခရြေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ

ထည့်ပြီး သုံးစွဲနေရကြောင်  သဲချင်းတဦးက ပြောပြလို့ သိရသည်။

ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်

 မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးေ၇ာင်ခြင်းများ အပြင် အချို့မှာ

ရေခဲမသန့်သဖြင့် ၀မ်းကိုက်ခြင်း၊၀မ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။

စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန်  ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်း

ပါးစပ်နာများတွေ့ရသည်။

 ထမင်းစားပြီးေ၇ခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို  Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။

အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင်  ၀ါးတီး သွားဆွဲ ကြသည့်အခါ  ထမင်း(သို့)ဒံပေါက်

၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက်  အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်

ဖိတ်ခေါ်ပြီး  အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကို

တိုက်သည်. အလှူများလည်းရှိသည်။

ရှေးလူကြီးများပြောသည့် "၀မ်းမီး" ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။

လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ၀မ်းမီးဆိုသော အစာချေသည့်မီးရှိသည်။

ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ၀မ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များ

ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ၀မ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။

ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့်  အစာကြေချက်ရန် တောက်နေသောဝမ်းမီးကို

ငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ၀ုန်းခနဲ့  အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။

ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်

 အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်

ထည့်ထားသောေ၇အိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်း

ချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။

ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာဝ လွန်ကဲသော ရေပျက်ဖြစ်သည်။

ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်

တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊

အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊

နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်း

ကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့

မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။

ရတနာပုံသတင်းစာမှ……………………..

 

ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။

ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။

ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။

နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကို

ကျင့်ပါ။

ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။

ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကို

ဥပါတ်ဖြစ်စေသည်။

ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။  ။

ကဲ ရေခဲရေ ကို လျော့သောက်တော့နော်

www.shweminthamie.blogspot.com

ှDownload this blog

 

This posting includes an audio/video/photo media file: Download Now

ကျပ်ငွေ၎သိန်းတိတိ ဖူးစာရှင် လေးနဲ့ ရွှေမြိုတော်မှ အကြမ်းဖက်ဒဏ်ခံရသောရခိုင်ပြည်သူများအတွက် ပရဟိတ စတုတ္ထု္တအကြိမ် ပူးပေါင်းအလှု

Posted: 13 Jun 2012 02:30 AM PDT

ဖူးစာရှင်လေးနဲ့ ရွှေမြိုတော်မှ အကြမ်းဖက်ဒဏ်ခံနေရသောရခိုင်ပြည်သူများအတွက်

ပရဟိတ စတုတ္ထု္တအကြိမ် ပူးပေါင်းအလှု

ဖူးစာရှင်လေးပရဟိတမှ နှစ်သိန်းကျပ်တိတိ(200000)

ရွှေမြို့တော်ပရဟိတမှ နှစ်သိန်း(200000)

စုစုပေါင်းပရဟိတငွေ လေးသိန်းကျပ်တိတိ

(400000)

လှုဒါန်းလိုက်ပါတယ် ၃၁ဘုံအားလုံး

မ ..မ အမျှ...အမျှ..အမျှ..ပေးဝေနေပါတယ်...

အားလုံး ပြုသမျှကုသိုလ်ကို ၃၁ဘုံသားအားလုံး သာဓုခေါ်ဆိုပါရှင်

နောက်ထပ်လည်း သွားလှူဒါန်းမှာဖြစ်တာကြောင့်

ပါဝင်လှူဒန်းပေးဖို့နှိုးဆော်လိုက်ပါတယ်ရှင်

တိုင်းရင်းသားအားလုံးယခု လက်ရှိ ရခိုင်ပြည်နယ်မှာ
ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများကို
ဖူးစာရှင်လေးနဲ့ချစ်သူမြို့တော်မှသူငယ်ချင်းများနှင့် စာပေမိတ်ဆွေများအားလုံး
မိမိတတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြပါ။
မြန်မာပြည်ချစ်မြတ်နိုးသူ စာပေချစ်သူများမှ မိမိတို့ တတ်နိုင်သည့်ဘက်မှ ပြည်ထောင်စုဖွားအချင်းချင်း
စည်းလုံးညီညွှတ်မှု ပိုမိုခိုင်မာလာအောင် ၊ဘယ်သူသွေးခွဲခွဲ
မိမိတို့ တိုင်းရင်းသားချင်း သွေးမကွဲအောင် မိမိတို့ တတ်နိုင်သည့် အပိုင်းဖြစ်သည့်
ကလောင်စွမ်းနဲ့ ဝိုင်းဝန်း ထိန်းသိမ်းကြရအောင်နော်..။

''''' ရင်ထဲနာကျင်ရေးမိသည် ''''
မီးတောက်များနှင့် သွေးသံရဲရဲ
မိကွဲ ဖကွဲ အိုးပြစ်အိမ်ပြစ်
ရန်သူလက်တွင်း သက်ဆင်းသေရ
ဒဏ်ရာရသူ နာကျင်ရသူ
မြန်မာပြည်သား ရခိုင်များထွေ မြန်မာတွေတွက်
ဇာနည်ဘွားတို့ လက်ခြင်းချိတ်ဆက်
ပရဟိတလက် နည်းများမဟူ
အလှူငွေများ လှူဒါန်းရအောင်
နီးနီးဝေးဝေး ပူပင်စိတ်ထား
တတ်စွမ်းသလောက် ဖေးကူရင်းဖြင့်
မြန်မာပြည်သား ပြည်ချစ်သားသမီး
လက်ချင်း ချိတ်ဆက်ထားရအောင်...............


အလှူကို အမြန်ဆုံး ဖြစ်မြှောက်အောင် ဆောင်ရွက်သွားချင်ပါတယ်။

လှူငွေများ ပါဝင်လှူဒါန်းပေးဖို့ကိုဖိတ်ခေါ်ပါတယ်
♥ပရဟိတအသင်းသို့♥မမြင် မသိ စာနာတတ်၏
တွဲလက်ခိုင်မာ ပေးဆပ်ခြင်းဖြင့် ကုသိုလ်ဝေဖြာ
မေတ္တာ စေတနာ အကြင်နာ
လက်ခြင်း ချိတ်ဆက်ထားကြတာ
လက်ခြင်းချိတ်ဆက် ပရဟိတလက်

လှူငွေများ ပါဝင်လှူဒါန်းပေး ချင်တယ်ဆိုရင် ဆက်သွယ်ရန်လိပ်စာ



ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -

မ..မကိုဆက်သွယ်နိုင်ပါတယ်.. mama@fusarshinlay.com

ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ဂျွန်ဖြိုး- 0943195840
ရာမည စင်္ကာပူ ဖုန်း- 98587714 -81957285

မ သူ _ 96605787
မ မေ စင်္ကပူဖုန်း _ 98581733

ကိုငြိမ်း မလေးရှားဖုန်း _ 0169828779

ငြိမ်းချမ်း မလေးရှားဖုန်း +6 0122700943.

ကိုထူးဆန်းထိုင်းဖုန်း -၀၈၉ ၅၀၅၁၅၈၉


မ ..မ

.

This posting includes an audio/video/photo media file: Download Now

Virus အမျိုးမျိုးသတ်နည်းအကြောင်း

Posted: 13 Jun 2012 01:18 AM PDT

virus အမျိုးမျိုးသတ်နည်းအကြောင်းကို ဒီပို့စ်လေးမှာဝိုင်းပြီဆွေးနွေးကြမယ်။

SVCHOST.EXE သတ်နည်း
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..

သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..
1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ...
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost
အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart
ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..

kavo, ckvo အုပ်စု killer ပါ။

http://littlenyi.googlepages.com/kavo_killer.zip အဲဒါလေးဒေါင်းလိုက်ပေါ့။

ဗိုင်းရပ်စ်ကိုက်ပြီးတော့ ကျန်ခဲ့တဲ့ ခြေရာလက်ရာတွေရှင်းဖို. taskmanager, folderoption စတာတွေဖော်ဖို.ပါ။ ဒါလေးတွေနဲ့ရတယ်-
http://littlenyi.googlepages.com/NOD32RegistryRecovery-V11.1.exe
http://littlenyi.googlepages.com/rrt.exe
အကောင်ကို အရင်သတ်ရပါမယ်။ မသေသေးရင်တော့သူတို.ကိုသုံးလည်း မထူးပါဘူး။

Gtalk Virus

Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။
Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့
လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows
\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲ
ဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။



Kill Autorun Virus

Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hide
protected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Drive
ထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Manager
ထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။


Virus များအတွက် website

့http://www.scanwith.com
scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,
antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်

I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory
stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။
အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည်
USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း
Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့
စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို
အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော
ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏
Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို
Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး
ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus
Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင်
ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

Virus အမျိုးအစားခွဲခြားခြင်း..

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file
တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို
ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့
ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို
Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ
Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို
လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ ..
သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/
သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့်
မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့
မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့
အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory
stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file
ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို
share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး
ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ
Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single
computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System
ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware,
dishonest adware, crimeware and other malicious and unwanted software
တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm
worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class
လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ
သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို
လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ
ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က
သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀
လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို
များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network
bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding
ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm
ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey
Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows
စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows
auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့
နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး
ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က
ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ...
အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့်
အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game
တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို
Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game
ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen
saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ..
သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်..
ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊
အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ်
သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ
ဝင်နိုင်ပါတယ်... ပြီးရင် သူက Browser home page
ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ
အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems
တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့်
ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား
Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie
တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ
cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့် 
Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware
ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်...
Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package
တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး
Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware
များဖြစ်တတ်ကြပါတယ်...

၇။ Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်..
သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime
တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက
ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း
Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....


Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။


ဗိုင်းရပ်ရေးနည်းဖြေရှင်ချက်

Virus ကိုဘယ်လိုရေးလဲ မေးပြီးတော့ Virus ကိုဘာနဲ့ ရေးရင် အကောင်းဆုံးလဲတဲ့....
နောက်ပြီး ဘယ်လိုရေးသင့်လဲ....
ဘယ်လို အလုပ်လုပ်ရင် virus က ကြောက်ဖို့ကောင်းလာမလဲ....
အခု အဲဒီအကြောင်းလေး ပြောရတာပေါ့...

အများအားဖြင့်တော့....
Virus က တကယ်တန်းကြတော့ Computer ကို ဖျက်ဖို့....
ဒါပေမယ့် Antivirus တွေက သိကြတယ်...
Virus တွေကိုဘယ်လို သိကြတာလဲဆို...
သူတို့က Virus Sample File တွေကနေသိကြတယ်...
သူတို့ Antivirus ထဲမှာရှိတဲ့ Sample File တွေထဲက မရှိရင်....
အဲဒီ Virus ကိုမသိတော့ဘူး....

နောက်တစ်ချက်ကျတော့ Antivirus တွေက စစ်ရင် File တစ်ခု ထုတ်လိုက်တယ်...
အဲဒီ File မှာ virus ကူးမကူးကနေ သိကြပါတယ်...

အဲဒါကတော့ antivirus တော်တော်များများ အလုပ်လုပ်ပုံပါ....

Virus က စမယ်ဆိုကတည်းက 1 file ထဲနဲ့ လုပ်လို့မဖြစ်ပါဘူး...
အနည်းဆုံး file 2 file မှ ဖြစ်မှာပါ...
ဘာဖြစ်လို့လည်းဆို...
file 1 file ကို ပိတ်လိုက်ရင် နောက် file တစ် file က အဲဒါက ပြန်ဖွင့်ပေးမလို့ပါ...

ကဲ...
A က တကယ့် virus
B ကတော့ A ကို အကူအညီပေးဖို့ပေါ့...

A ကို run တာနဲ့....
B လည်း run မယ်...
ဒါမှ မဟုတ် B ကို run တာနဲ့
A လည်း run မယ်..

အဲဒီပုံစံပေါ့...
A ကတော့ virus အလုပ်တွေလုပ်မယ်...
B ကတော့ A ရှိမရှိစစ်နေမယ်...
A ကလည်း B ရှိမရှိစစ်မှာပဲ...

user က virus ကိုတွေ့ပြီ Process တွေ ထဲမှာ...
A ကိုအရင် ပိတ်လိုက်မယ်...
ပြီးမှ B ကိုပိတ်မယ်...
အဲလို စဉ်းစားပြီး A ကို ပိတ်လိုက်တာပေါ့...

ဒါပေမယ့် A ကိုပိတ်လိုက်တာနဲ့ B က ချက်ချင်း A ကိုပြန်ခေါ်ဖွင့်တယ်....
အဲမှာ virus သတ်တဲ့ကောင်တွေ စားကုန်ကြရော...
B ကို ပိတ်တော့လည်း A က ပြန်ဖွင့်ပေး...
နှစ်ခုလည်း တပြိုင်တည်း ပိတ်ဖို့ကလည်း မဖြစ်နိုင်ဘူး..
ကဲဒါဆို ဘယ်လိုလုပ်မလဲ....
အခုတလော အဲလို virus တွေ တော်တော်များများ အရေးများလာပါတယ်...

အဲလို virus တွေကို ဖျက်ဖို့ဆိုရင်တော့ ကိုယ့်စက်က hard disk နဲ့မတက်နဲ့...
ဖြုတ်သွားလိုက်.. တခြားစက်မှာ secondary နဲ့ တက်...
A ကော B ပါရှာဖျက်လိုက်... ပြီးပြီ...

virus တွေ windows စစချင်းအလုပ်လုပ်အောင်...
Registery ထဲမှာ
"HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run"
အဲဒီအောက်မှာ File ပတ်လမ်းကြောင်းရေးထားခဲ့မယ်ဆိုရင်တော့
ရေးထားတဲ့ program ကို windows စစတက်ပြီးတာနဲ့ run ပေးမှာပါ...

A ဆိုတဲ့ virus က အဲဒီ registery ဆိုတဲ့နေရာမှာ အချိန်တိုင်း သွားသွားရေးခိုင်းထားပါမယ်...
ဒါဆိုရင် user က msconfig နဲ့ဝင် သွားပြီး windows တက်တက်ခြင်းမှာ
မတက်အောင် လုပ်လည်း မထူးတော့ဘူးပေါ့....နောက်ထပ်နည်းကတော့ registery ကို
ပိတ်တဲ့နည်း

User Key: [HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System]
Value Name: DisableRegistryTools
Data Type: REG_DWORD (DWORD Value)
Value Data: (0 = allow regedit, 1 = disable regedit)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က registery သုံးလို့မရတော့ပါဘူး...

နောက်ပြီးတော့ Task Manager ( Ctrl+Alt+Del ) ကိုဖျောက်လိုက်ချင်ရင်တော့

User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
System]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
System]
Value Name: DisableTaskMgr
Data Type: REG_DWORD (DWORD Value)
Value Data: (0 = default, 1 = disable Task Manager)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က registery သုံးလို့မရတော့ပါဘူး...

Folder Option ကို ထပ်ပြီးဖျောက်လိုက်ချင်ရင်တော့

User Key: [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
System Key: [HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\
Explorer]
Value Name: NoFolderOptions
Data Type: REG_DWORD (DWORD Value)
Value Data: (0 = show options, 1 = hide options)

အဲမှာ REG_DWORD ကို create လုပ်ပြီးတော့ value မှာ 1 ထည့်လိုက်ရင်တော့ user က Folder Option ကို Tool -> Option

မှာမမြင်ရတော့ပါဘူး...

တနည်းပြောရရင် ကျွန်တော်တို့ registery ကို ကောင်းကောင်းလေး ကလိလို့ရတာနဲ့
Computer ကြီးကို လိုသိလို ထိန်းလို့ရပါတယ်... AVG ကတော့ Registery ကို
မစစ်ဆေးပါဘူး... ဒါပေမယ့် BitDefender ကတော့ စစ်တယ်ဗျ... ပြောင်းတာနဲ့
ပြောင်းမပြောင်းမေးတယ်... အဲလိုမျိုး Antivirus တွေအတွက်တော့
မလွယ်ဘူးပေါ့....

Registry ပိုင်းကို [URL]http://www.pctools.com/guides/registry[/URL] မှာလေ့လာလို့ရပါတယ်..

ဘာနဲ့ ရေးသင့်လဲလို့ ပြောရင် ကိုယ်သန်ရာနဲ့တော့ရေးလို့ရပေမယ့်...
ဘယ် OS ကို တိုက်ခိုက်မှာလဲ ဆိုတာ စဉ်းစားရမယ်...
Vbscript(.vbs) ကို linux မှာ သုံးလို့မရဘူး...
ဒါပေမယ့် Javascript(.js) နဲ့တော့ linux မှာ၇တယ်...
Windows မှာလည်းရတယ်...
Javascript(.js) ကတော့ ဘယ်လိုထိ လုပ်ပိုင်ခွင့်ပေးလဲဆိုတာ ကျွန်တော်သေသေချာချာမသိဘူး...
windows အတွက်ကတော့ .vbs ကတော်တော်လေး ထိရောက်တယ်...
ကစ်လို့ကောင်းတယ်...

.exe တွေနဲ့လည်း တိုက်ခိုက်လို့ရတယ်...
ဒါပေမယ့်...
ကိုယ်ထုတ်လိုက်တဲ့ .exe ဟာ runtime file မပါပဲနဲ့ run လို့ရရမယ်...
Windows နဲ့ Linux က file တည်ဆောက်ပုံတွေ မတူညီကြဘူး...
ဒါကြောင့် Linux အတွက် virus က Linux မှာပဲ ရမယ်...
Windows အတွက် virus ကတော့ windows မှာပဲထိရောက်မှာပေါ့...

ဥပမာ java နဲ့ရေးထားရင် java runtime မပါပဲနဲ့ java က run လို့မရဘူး...
ဒါဆိုရင်တော့ မရေးသင့်ဘူးပေါ့... java runtime ရှိတဲ့စက်ကိုပဲ ထိမှာလေ...
.NET နဲ့ ရေးပြန်တော့လည်း .NET Framework ရှိမှ အလုပ်လုပ်မှာ...
ဒါဆိုလည်း .NET အတွက်က သိပ်မဟုတ်သေးဘူး....
vb ကတော့ ရတယ်... ဘာ compoment မှ မသုံးပဲရေးရင် runtime မလိုလောက်ဘူး...
ဒါကြောင့် vb နဲ့ဆိုရင်တော့ ရလောက်တယ်...
script file တွေကတော့ OK တာပေါ့...
run time မပါဘူး...
windows က run ပေးတယ်....
အဲဒါကြောင့် အများအားဖြင့် .vbs နဲ့အရေးများတယ်...
နောက်ပြီး C ... အဲဒါ အရင်ကတည်းက programming...
သူ့ exe က စက်တိုင်းလိုလိုအသာလေး run လို့ရတယ်...
C နဲ့ virus ရေးလို့ရတယ်...
C က system အထဲထိ ကောင်းကောင်းရေးနိုင်တယ်...
hardware တွေကိုပါ ဒုက္ခပေးနိုင်တယ်...

တချို့ virus တွေက hardware တွေကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြီးပေးတာ...
ဘယ်လိုလည်းဆိုရင်တော့
Memory မှာ အပြည့်တင်ထားတယ်.. File တွေကို...
ဒါဆို user က စက်ကြီးလေးသွားပြီ...
ဘာမှ မလုပ်နိုင်ဘူး....
memory ပေါ်မှာလည်း အချိန်ပြည့် wirte မယ်...
ဒါဆို ကြာရင် memory ကြွသွားမှာပေါ့...

အဲလိုမျိုး...
Process မှာ အပြည့်တင်ထားမယ်...
process တွေကို အသေအကြေ ခိုင်းထားမယ်..
ဒါဆို ကြာ၇င် Process ကျလာမယ်...
နောက်ဆုံး ပျက်သွားနိုင်တယ်...
virus ရှိတဲ့ စက်ထဲကို
flash disk ကိုထိုးထားလိုက်တယ်..
နောက်ပြီး...
ပြန်မဖြုတ်ပဲ...
ဒီအတိုင်း Computer ကို စက်သုံးနေတယ်..
အဲဒီ အချိန်မှာ virus က Flash Disk ပေါ်မှာ virus တွေ အချိန်တိုင်း write နေမယ်...
ကြာရင် flash disk မှာ write တာ များလွန်းတော့ bad sector တွေပေါ်လာမယ်...
အဲဒါကို မသိပဲ user က ဆက်သုံးတယ်... chkdsk နဲ့ commond prompt မှာ ၀င်မစစ်ဘူး...
badsector တွေကိုလည်း မပြင်ဘူးဆိုရင် ကြာရင် flash disk ပါကြွသွားနိုင်တယ်...

Removing the ntde1ect.com and autorun.inf files There is a trojan/virus (either the Win32/Pacex virus or the
Win32/PSW.Agent.NDP trojan) that uses those two files. Here is how you
can get rid of them:



1) Open up Task Manager (Ctrl-Alt-Del)

2) If wscript.exe is running, end it.

3) If explorer.exe is running, end it.

4) Open up “File | New Task (Run)” in the Task manager

5) Run cmd

6) Run the following command on all your drives by replacing c:\ with
other drives in turn (note: if you have autorun.inf files that you think
you need to backup, do so now):
del c:\autorun.* /f /a /s /q

7) Go to your Windows\System32 directory by typing cd c:\windows\system32
Type dir /a avp*.*

9) If you see any files names avp0.dll or avpo.exe or avp0.exe, use the following commands to delete each of them:


attrib -r -s -h avpo.exe
del avpo.exe

10) Use the Task Manager’s Run command to fire up regedit

11) Navigate to HKEY_CURRENT_USER \ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Run

(as usual, take a backup of your registry before touching it!)

12) If there are any entries for avpo.exe, delete them.

13) Do a complete search of your registry for ntde1ect.com and delete any entries you find.

14) Restart your computer.

အလွယ်ဆုံး Virus ရှိ ၊ မရှိ စမ်းနည်း

တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ
C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
ဒါဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့virusရှိနေပါပြီ...။


Prevent Your pen drives (or) USB Devices From Virus

VIRUS ဆိုတာကို PC/laptop's တွေမှာ ယေဘုယျအားဖြင့် Network မချိတ်ထားတဲ့သူတွေတောင် ခံစားရကြပါတယ် ...အဲဒါဆို ဘယ်ကနေ၀င်လဲ
အဲဒီ VIRUS တွေက ..မေးစရာရှိလာပါတယ် ..Pen Drives (OR) USB Devices တွေကနေ
ဝင်လာတာပါ ..တစ်ချို့သော VIRUS တွေဟာ Ravmon Virus , Heap41a worm တွေနဲ့
အလားသဏ္ဍန်တူပြီး အဲဒီ VIRUS တွေ Pen Drives (OR) USB Devices တွေထဲမှာ
ရှိနေရင် Anti-Virus တော်တော်များများဟာ VIRUS
တွေကိုမသတ်နိုင်ကြပါဘူး..ဒါကြောင့် အဲဒီ VIRUS တွေ Pen Drives (OR) USB
Devices ထဲ မရောက်အောင် ၊ ရောက်လာရင်လဲ ဘယ်လို ရှင်းရအောင် ဆိုတာလေးကို
အောက်မှာ ရေးပေးထားပါတယ်..

Pen Drives (OR) USB Devices ကို ကွန်ပျုတာမှ တပ်လိုက်ပါ ..ပြီးရင် My computer ကိုဝင်ပြီး ယခုတပ်လိုက်တဲ့ Drive Letter
ကို မှတ်သားထားလိုက်..
{ ဥပမာ - Manawthar ( I ) လို့ ရေးထားတယ်ဆိုရင် Drive Letter က I ပေါ့ ..ဒါကို ဆိုလိုတာပါ }
ပြီးရင် Start --> Run --> cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ...Command Window ( cmd ) တက်လာမယ် ..
Command Window ( cmd ) တက်လာရင် ခုနက မှတ်လာတဲ့ Pen Drives (OR) USB
Devices ရဲ့Drive Letter ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..

{ ဥပမာ - ........ >I: } -- ( : ) ပါရမည် ...
Pen Drives (OR) USB Devices ရဲ့Drive ကိုရောက်ပြီဆို dir/w/o/a/p လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..
အဲဒါဆိုရင် Pen Drives (OR) USB Devices ရဲ့Drive ထဲက ရှိသမျှ ဖိုင်တွေ List ထွက်လာမယ် ..
အဲဒီ List ထဲမှာ ရှာကြည့်ပါ ..အောက်မှာ ဖော်ပြပေးထားတဲ့ ဖိုင်အမည်တွေ ပါလားဆိုတာ...

  • Autorun.inf
  • New Folder.exe
  • Bha.vbs
  • Iexplore.vbs
  • Info.exe
  • New_Folder.exe
  • Ravmon.exe
  • RVHost.exe

အပေါ်က ဖော်ပြပေးထားတဲ့ ဖိုင်တစ်ခုခုပါလာရင် -

Run Command ကနေ attrib -h -r -s -a *.* လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..
ပြီးရင် ဖိုင်တွေ ဖျက်ဖို့အတွက် Command မှာ del filename လို့ ရိုက်ထည့်ပြီး ဖျက်လိုက်ပါ ..
{ ဥပမာ - del autorun.inf } -- Filename ဆိုတဲ့နေရာမှာက ဖျက်မဲ့ ဖိုင်အမည်ကို ထည့်ရေးပေးရပါမယ် ..

ပြီးသွားပြီဆိုရင် ပိုသေချာသွားအောင် Pen Drives (OR) USB Devices ကို Antivirus တစ်ခုခုနဲ့ ထပ်စစ်လိုက်ပါ ...ဒါဆို အဆင်ပြေပါပြီ ..

ကျွန်တော်တင်တာတွေကblog တွေကနေလိုက်ဖတ်ပြီးပြန်တင်ပေးလိုက်တာပါ။ဒီသရက်တစ်ခုလုံးကိုပါ။ဘယ်ဘလော့တွေကလဲဆိုတာကတော့မမှတ်မိတော့ဘူဗျာ
အကောင်များရန်မှ ကင်းဝေးကြပါစေ ..

Brontok virus ကိုသတ့်မယ့်နည်းလမ်း

Start ur computer in safe mode with command prompt and type the following command to enable registry editor:-

reg delete HKCU\software\microsoft\windows\currentversion\policies\system /v “DisableRegistryTools”

and run HKLM\software\microsoft\windows\currentversion\policies\system /v “DisableRegistryTools”

- After this your registry editor will be enabled

- Now type explorer

- Goto Run and type regedit

- အောက်ကပေးထားတဲ့အတိုင်းဆင်းသွားလိုက်ပါ :-

HKLM\Software\Microsoft\Windows\Currentversion\Run

-ညာဖက်မှာရှိတဲ့ " Brontok " နဲ့ "Tok-" ဆိုတာတွေကိုဖျက်ပစ်ပါ။

-ပြီးရင် restart ချလိုက်ပါ

-အခု regedit ကိုဖွင့်ပြီး ရင် tools menu ထဲက folder option ကို enable ပြန်လုပ်ပါ


HKCU\Software\Microsoft\Windows\Currentversion\Policies\Explorer\ вЂNoFolderOption’
delete this entry and restart ur computer

- *.exe files ကို drives အားလုံးမှာရှာလိုက်ပါ(search in hidden files also)

folder iconလိုမျိုးပြနေတဲ့ files အားလုံးကို remove လုပ်ပစ်ပါ။

Remove W32.Downadup.B

အောက်ကလင့်တွေမှာ ဆွေးနွေးပေးထားပါတယ်။
http://www.precisesecurity.com/threats/worms/w32downadup
http://www.gmalaya.co.il/W32.Downadup.B
http://www.411-spyware.com/w32-downadup-b-removal
http://www.symantec.com/business/security_response/writeup.jsp?doci...

Big Virus

http://www.sendspace.com/file/fujp1h
Big Virus Coming Soon!PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!В· You should be alert during the next few days. Do not
open any message with an attachment entitled 'POSTCARD FROM BEJING',
regardless of who sent it to you. В· It is a virus which opens A
POSTCARD IMAGE, which 'burns' the whole hard disc C of your computer. В·
This virus will be received from someone who has your e-mail address
in his/her contact list. В· This is the reason why you need to send
this e-mail to all your contacts It is better to receive this message 25
times than to receive the virus and open it. В· If you receive a mail
called' POSTCARD FROM BEJING,' even though sent to you by a friend, do
not open it! Shut down your computer immediately. В· This is the worst
virus announced by CNN. It has been classified by Microsoft as the most
destructive virus ever. В· This virus was discovered by McAfee
yesterday, and there is no repair yet for this kind of virus. В· This
virus simply destroys the Zero Sector of the Hard Disc, where the vital
information is kept. COPY THIS E-MAIL, AND SEND IT TO YOUR FRIENDS.


တခြားနည်းလမ်းလေးများ သိသောသူရှိရင် အောင်တွင် ကွန့်မန့်ဖြင့် သူငယ်ချင်းတွေအားလုံး ဗဟုသုတရရှိဖို့အတွက် ဝေမျှပေးသွား စေချင်ပါတယ်-

mr.winhlaing@gmail.com

EBOOK 1

Posted: 13 Jun 2012 01:17 AM PDT

ဒေါက်တာသန်းထွန်း - မြန်မာဆိုတာ

download link:

မှန်နန်းရာဇ၀င်လာ မြန်မာဘုရင်များအား ဆင်ခြင်ကြည့်ခြင်း

download link ;

မြန်မာ့ရုပ်ရှင် အနုပညာရှင်များ

download link;

နောင်တကင်းရာသို့

download link:

မှတ်ချက်၊ အထက်ပါစာအုပ်များအားလုံးသည် http://mmcybermedia.com/ မှဖြစ်ပါသည်။ မြန်မာလူမျိုးတိုင်း ဖတ်သင့်တယ်လို့ ယူဆလို့ ဝေမျှပေးတာပါ။

I like this theory so...........

Posted: 13 Jun 2012 01:16 AM PDT

Written by လူထုစိန်ဝင်း

Two Girls

ပြောရိုးပြောစဉ်မို့ နှုတ်က အလွယ်တကူ ပြောလေ့ရှိတဲ့ မြန်မာစကားတွေထဲမှာ မနှစ်သက်နိုင်တဲ့ စကားတချို့ ရှိတယ်။ တချို့စကားတွေဆိုရင် ဘယ်ခေတ်မှာ ဘယ်သူကစခဲ့တယ် မသိဘူး။ တော်တော် ယုတ္တိမတန်၊
မမှန်ကန်တာ တွေ့ရတယ်။







ပါရမီနဲ့ ဉာဏ်ပညာကြောင့်
အဲဒီလိုစကားတွေထဲက မနှစ်သက်နိုင်ဆုံး စကားတစ်ခုကတော့ ''ဘုရားတောင် အမှီရှိမှပွင့်တယ်'' ဆိုတဲ့ စကားဖြစ်တယ်။ အဆူဆူသော ဘုရားများဟာ
သစ်ပင်တစ်ပင်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ စံပါယ်တော်မူရင်း ဘုရားအဖြစ်ကို
ရောက် ရှိခဲ့ကြတာကို အကြောင်းပြုပြီး ပြောကြဆိုကြတာ ဖြစ်တယ်။ ဗုဒ္ဓမြတ်စွာဟာ
ဗောဓိညောင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ခဲ့တာမှန်တယ်။ ဒါပေမဲ့
ဗောဓိညောင်ပင်ဆိုတဲ့ အမှီကြောင့် ဘုရားအဖြစ်ကို ရရှိခဲ့တာ မဟုတ်ပါဘူး။
လေးသင်္ချေနဲ့ ကမ္ဘာ တစ်သိန်း ဖြည့်ဆည်းခဲ့တဲ့ အထုံပါရမီနဲ့ အတိုင်းအဆမရှိ
ကြီးမားလှတဲ့ ဉာဏ်ပညာကြောင့် ဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။







သစ်ရိပ်ဝါးရိပ်မှာ
အဆူဆူသော ဘုရားများဟာ သစ်ပင်တစ်ပင်ပင်အောက်မှာ ဘုရားအဖြစ် ရောက်ရှိခဲ့ကြတာက အခြေအနေအရ ဖြစ်ရတဲ့ သဘောပါ။ ဘုရားအလောင်းအဆက်ဆက်တို့ဟာ
လောကီစည်းစိမ်ချမ်းသာတွေကို စွန့်ပြီး တောရပ်မှာ လှည့်လှည်သီတင်းသုံး ရင်း
တရားစစ်တရားမှန်ကို ရှာဖွေကြပါတယ်။ ကျောင်းသင်ခန်း ဆောက်တည်နေလေ့
မရှိပါဘူး။ အရိပ်အာဝါသကောင်းရာ သစ်ပင်ဝါးပင်တွေအောက်မှာ အလျဉ်းသင့်သလို
သီတင်းသုံးပြီး ကျင့်ကြံအားထုတ်နေကြတာ ဖြစ်တယ်။ နေရေးစား ရေးကိစ္စများအတွက်
အချိန်ကုန်မခံပါဘူး။ ရသမျှအချိန်တိုင်း သဗ္ဗညုတဉာဏ်တော် ရရှိရေးအတွက်သာ
အားထုတ်နေတာ ဖြစ်ပါတယ်။







ဘယ်သူမပြုမိမိမှု
သစ်ပင်ကောင်းတစ်ပင်ရဲ့ အရိပ်အာဝါသအောက်မှာ ကျင့်ကြံအားထုတ်ရင်း ဘုရားအဖြစ်ကို ရောက်ရှိခဲ့တာကြောင့် ဘုရားနဲ့သစ်ပင်ကို တွဲပြီးမြင်နေရတာ
ဖြစ်တယ်။ ဒါပေမဲ့ စကားအဖြစ် ပြောနေကြသလို ''အမှီရှိမှပွင့်တယ်'' ဆိုတာ
မမှန်ပါဘူး။ ဒီမမှန်တဲ့ စကားကို နှုတ်က ခပ်ပေါ့ပေါ့နဲ့ အလွယ်တကူ
ပြောနေကြလေတော့ လူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်ဖို့ အားမပေးတဲ့သဘော သက်ရောက်သွားခဲ့ရတယ်။ ဗုဒ္ဓဘာသာမှာက
အားကိုးမှီခိုရာ ကယ်တင်ရှင် ဆိုတာ မရှိပါဘူး။ လူတစ်ယောက်
ကောင်းရာမွန်ရာရောက်အောင် ဘယ်သူကမှ ပို့မပေးနိုင်သလို ငရဲရောက်အောင်လည်း
ဘယ်သူကမှ တွန်းချတာ မဟုတ်ပါဘူး။ ဘယ်အရာမဆို ဘယ်သူမပြု မိမိမှုပါပဲ။







'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ် (Savior Complex) တွေကြောင့် ဖြစ်ပါတယ်။

ကယ်တင်ရှင်မရှိ
ဗုဒ္ဓရဲ့ အလိုတော်က ဘာမဆို ကိုယ်လုပ်မှ ကိုယ်ရပါတယ်။ ကျင့်ကြံအားထုတ်လုပ်သူ မှန်သမျှ ဘယ်သူမဆို ဗုဒ္ဓဘုရားအဖြစ်ကိုတောင် ရနိုင်ပါတယ်။ မိဘကျေးဇူး ဆပ်ချင်လွန်းလို့ဆိုပြီး
မိဘကို နိဗ္ဗာန်ရောက်အောင် လုပ်မပေးနိုင်သလို၊ သားသမီးကိုချစ်လွန်းလို့
နတ်ပြည်ခြောက်ထပ်မှာ နတ်သမီးလေးတွေ တစ်ဖက်ငါးရာနဲ့ စံစားနိုင်အောင်
ဘယ်မိဘကမှ လုပ်မပေးနိုင်ပါဘူး။ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်မှ
ရနိုင်ပါတယ်။ ဘယ်သူမှ အားကိုးလို့ မရဘူး။ ကယ်တင်ရှင် မရှိဘူး။
'အတ္တာဟိအတ္တနော နတ္ထော' မိမိကိုယ်မှတစ်ပါးကိုး ကွယ်ရာမရှိဘဲ။







ကိုယ့်ထမင်းကိုယ်ရှာစား
လူ့ဘောင်လောကမှာ လောကီသားမှန်သမျှ အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသလို အပြန်အလှန် အမှီသဟဲ ပြုနေကြတယ်။
အထီးထီး လူတွေနဲ့ အဆက်အဆံမရှိ ရပ်တည်လို့မရဘူး။ ဒါဟာ လူ့လောကရဲ့ သဘာဝတရား
ဖြစ်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းဟာ ကိုယ့်အသက်ရှင် ရပ်တည်ရေးအတွက်
ကိုယ့်ဘ၀ သာယာအေးချမ်းရေးအတွက် ကိုယ့်ဟာကိုယ် ကြိုးပမ်းအားထုတ်ရတယ်။
ကိုယ့်ထမင်း ကိုယ်ရှာစားရတယ်။ ကိုယ့်မိသားစုကို ကိုယ့်ဟာ ကိုယ်
ကာကွယ်စောင့်ရှောက်ရတယ်။ ဘယ်သူ့ကိုမှ အားကိုးအားထားပြုလို့ မရဘူး။







ကယ်တင်ရှင်မလုပ်နဲ့
ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ အတူတကွ လက်တွဲနေထိုင်ကြရတယ် ဆိုတဲ့ လောကသဘာဝတရားကို လူတွေက တလွဲဆံပင်ကောင်းလုပ်ပြီး မှီခိုအားကိုးမှု လွန်လွန်ကဲကဲဖြစ်အောင်
လုပ်နေကြတာ နေရာတိုင်းမှာ တွေ့နေရတယ်။ အခက် အခဲကြုံတွေ့နေရတဲ့
လူတစ်ယောက်ကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်နည်းနဲ့ကိုယ် ဖြေရှင်းဖို့
တိုက်တွန်းရမယ့်အစား၊ အားကိုးအားထားရှာဖို့ အကြံပေးတတ်ကြတယ်။ ဒါမှမဟုတ်လည်း
သူ့အားနဲ့သူ ဖြေရှင်းဖို့ အကြံပေးလမ်းပြ လုပ်မယ့်အစား ကိုယ်က
ကယ်တင်ရှင်လုပ်ပြီး ၀င်ကယ်ပေးကြတယ်။ စေတနာနဲ့ ၀င်ကယ်တာ ဆိုပေမယ့် ဒါဟာ
ကူညီရာ မရောက်ပါဘူး။ တစ်ဖက်သားကို အားကိုးရှာလွန်းတဲ့ စိတ်ဓာတ် (Dependency
Syndrome) အမြစ်တွယ်သွားပြီး တစ်သက်လုံး သူများ နှာခေါင်းပေါက်နဲ့
အသက်ရှုတဲ့လူမျိုး ဖြစ်သွားစေပါတယ်။







အမှောင်တိုက်ကြီး
အာဖရိကတိုက် အငတ်ဘေး ပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး စတင်တည်ထောင်ပြီးကတည်း က ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့၊ ယူအင်ဒီပီ၊ ယူနီဆက် စတဲ့
အဖွဲ့တွေနဲ့တကွ သူဌေးနိုင်ငံကြီးတွေ အားလုံးက ဒေါ်လာတွေ ထရီလျံပေါင်းများစွာ
သုံးပြီးဆောင်ရွက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပါပြီ။
အာဖရိကတိုက်ကြီးကတော့ အငတ်ဘေးတွေ၊ ရောဂါဘယတွေ၊ မျိုးနွယ်စု လူသတ်ပွဲကြီးတွေ
အောက်မှာ နစ်မွန်းသထက်နစ်မွန်းပြီး 'အမှောင်တိုက်ကြီး' (Black Continent)
အဖြစ်ပဲ ရှိနေဆဲပါပဲ။ လွတ်လမ်းလည်း ရေးရေးတောင် မမြင်ရသေးပါဘူး။







လှေနဲ့ ပိုက်တွေပေးရမှာ
'ရွှေပြည်တော် မျှော်တိုင်းဝေး' အခြေအနေ ဖြစ်နေရတဲ့ အကြောင်းရင်းကတော့ 'ကယ်တင်ရှင်' စိတ်ဓာတ်(Savior Complex) တွေကြောင့် ဖြစ်ပါတယ်။ ငတ်နေတဲ့လူတွေကို ငါးတွေပဲ
ယူလာပေးနေတဲ့ အခါကျတော့ အဲဒီလူတွေက ငါးလာပေးမှာ ကိုသာ
အမြဲစောင့်မျှော်နေကြတော့တယ်။ တကယ်လုပ်သင့်တာက လှေတွေနဲ့ ပိုက်တွေပေးပြီး
ငါးများတတ်အောင် လုပ်ပေးရမှာ မဟုတ်လား။ ကယ်တင်ရှင်စိတ်ဓာတ် လွန်ကဲနေတဲ့
ကယ်တင်ရှင်တွေက လူတွေကို မှီခိုလွန်းတဲ့ စိတ်ဓာတ် အမြစ်တွယ်သွားစေတယ်။
ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်အတော်များများကလည်း ကယ်တင်ရှင် လုပ်ရပ်တွေကို
မနှစ်သက်ကြပါဘူး။







ကယ်တင်ရှင် မမျှော်စေချင်
'အလှူဒါနနဲ့ နိုင်ငံတစ်ခုကို မကယ်တင်နိုင်' (Charity does not save a nation) ဆိုတဲ့ စကားကို ဖွံ့ဖြိုးရေးပညာရှင်တွေက ထောက်ပြလေ့ရှိတယ်။
လူတွေကို သူတို့ခြေထောက်ပေါ် သူတို့ရပ်ပြီး၊ သူတို့ဘ၀ကို သူတို့ကိုယ်တိုင်
ကယ်တင်ဖို့ကိုသာ တိုက်တွန်းတယ်။ ကျွန်တော်တို့ လူငယ်တွေကို
'ကယ်တင်ရှင်စိတ်ဓာတ်'တွေ ကူးစက်မလာစေချင်ဘူး။ အလားတူပဲ ကယ်တင်ရှင်မျှော်တဲ့
စိတ်ဓာတ်မျိုးတွေလည်း ရှိမလာစေချင်ဘူး။







ဗုဒ္ဓဘုရားရှင်ဟောကြားတော် မူတဲ့အတိုင်း 'အတ္တာဟိအတ္တနော၊ နတ္ထော' စိတ်ဓာတ်မျိုးပဲ ထွန်းကားစေချင်တယ်။ ''ဘုရားတောင်မှ အမှီရှိမှ ပွင့်တယ်''ဆိုတဲ့ စကားကတော့ လူငယ်တွေကို ကယ်တင်ရှင်မျှော်တဲ့
စိတ်ဓာတ်သွင်းပေးတဲ့ သဘော သက် ရောက်တယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် အစဉ်အလာ
ဆိုရိုးစကားဖြစ်တိုင်း နှုတ်ထွက်မလွယ်သင့်ဘူး။ လက်လည်း မခံသင့်ဘူး။
မြတ်စွာဘုရားရဲ့ အလိုတော်အတိုင်း ဘယ်ကိစ္စမဆို ကိုယ်ပိုင်ဉာဏ်နဲ့
ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီးမှ ဆုံး ဖြတ်သင့်ကြောင်း
နှိုးဆော်လိုက်ချင်ပါတယ်။

ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)

Posted: 13 Jun 2012 12:03 AM PDT

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး

http://www.komyat.com/ မှ မသိသေးသူများအတွက် တင်ပြလိုက်ပါတယ်နော်...

    ကဲ အားလုံးပဲ အဆင်ပြေကြပါစေနော်........။

ကိုယ့်ကွန်ပျူတာကို ဘယ်သူသုံးသလဲနှင့် keyboard မှာ ရိုက်သမျှစာတွေကို လိုက်မှတ်ပေးနိုင်တဲ့ perfect keylogger

Posted: 12 Jun 2012 11:54 PM PDT

ကဲဒီပို့စ်လေးကို စပြီးတော့ ရေးပေးလိုက် ပါပြီ .. full Version ကိုတော့ နောက်မှတင်ပေးပါ့မယ် ... ကြိုတင်ပြီး သတိပေးလိုက်ချင်ပါတယ် ..ဘယ်တစ်ဦး တစ်ယောက်ကိုမျှ ဒုက္ခမပေးပါနှင့် .

ကျွန်တော်တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် နစ်နာမှုတွေ ရှိလာမယ်ဆိုရင်တော့ ကျွန်တော် ၀မ်းနည်းမိမှာ အမှန်ပါပဲ .. ကျွန်တော် ဒီပို့စ်လေးကို ရေးလိုက်ရတဲ့ အဓိက အကြောင်းရင်း ကတော့ သူငယ်ချင်းများ အခြားအခြားသော ကွန်ပျူတာဆိုင်တွေမှာများ သွားပြီး အင်တာနက်သုံးမိလိုက်တယ်ဆိုရင် အရင်ဦးဆုံး Start bar မှာ keylogger လေးရှိမရှိအရင်ဦးဆုံး စစ်ဆေးပြီးမှ သုံးကြပါလို့ ထပ်ဆင့်ပြီးတော့ အသိပေးလိုက်ပါတယ် .. တစ်ကယ်လို့ မိမိသုံးမယ့် ကွန်ပျူတာဆိုင်တွေမှာများ ဒီ keylogger လေးကိုတွေ့မိရင် အဲ့ဒီ့ဆိုင်မှာ သွားမသုံးပါနှင့်။ သူရဲ့မူရင်းဆိုက်ကိုပါ လိပ်စာရေးပေးလိုက်ပါတယ် .. မူရင်းဆိုက်က ဒီမှာ ပါ ...သုံးပုံသုံးနည်းကို ကျွန်တော် ရေးပေးလိုက်ပါ့မယ် ... အဲ့ဒီ့ဆိုက်လေးမှာ သွားပြီးတော့ မိမိတင်ထားတဲ့ window နှင့်ကိုက်ညီတဲ့ keylogger ကို သွားပြီး download လုပ်လိုက်ပါ ... တစ်ခုတော့ရှိပါတယ် ... အဲ့ဒီ့ keylogger လေးကို တင်တဲ့အချိန်မှာ anti virus ကိုတော့ ခဏပိတ်ထားဖို့လိုပါတယ် .. မပိတ်ထားရင် တင်လို့မရပါဘူး ... အဲ့ဒီ့လို software တိုင်းကိုတင်တိုင်း တင်တိုင်း ခဏပိတ်ထားရမှာပါ ... သူ့မူရင်းဆိုက်မှာလဲ သတိပေး ထားမြစ်ထားတာတွေ အများကြီးရေးထားပါတယ် .. အဓိကကတော့ သူတစ်ပါးရဲ့အတွင်းရေးကို ၀င်ရောက်ပြီး ဒုက္ခမပေးဖို့ပါ ..
အရင်က ကျွန်တော် ကြားလိုက်ပါသေးတယ် .. ရန်ကုန်မှာ keyboard recorder ဆိုပြီးတော့ ပေါ်လိုက်ပါသေးတယ် .. ဒါပေမယ့်သူက software တော့မဟုတ်ပါဘူး .. recoder လို device ပစ္စည်းတစ်မျိုးပါ .. ကီးဘုတ်နဲ့တွဲပြီးတော့ ထားထားပေးရပါတယ် ... သူက ကီးဘုတ်က ရိုက်သမျှစာတွေကို လိုက်မှတ်ပေးထားပါတယ် .. အခုဒီကောင်ကတော့ software သီးသန့်ပါ ..
တစ်ခုတော့ရှိပါတယ် .. အားလုံးဟာ trail တွေအဖြစ် 5 ရက် free ပေးသုံးထားပါတယ် ... အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ ..
သူကရက်စွဲအလိုက် မှတ်ထားပေးပါတယ် .. ပုံလေးတွေတော့တင်ထားပါတယ် .. ဒါပေမယ့် ကျွန်တော့်ရဲ့ ကွန်ပျူတာကတော့မဟုတ်ဘူး .. ဘာဖြစ်လို့လဲဆိုရင်တော့ အဟီးဟီး သူငယ်ချင်းတို့သိမှာပါ .. password တွေ ပါသွားမှာစိုးလို့ ..





(၁) keystrokes ဆိုတာကတော့ မိမိဝင်ခဲ့တဲ့ ၀ဘ်ဆိုက်တွေမှန်သမျှကို လိပ်စာနှင့်တစ်ကွ username နှင့် Password တွေကို မှတ်သား ပေးထားတဲ့နေရာတစ်ခုပါ ..

(၂) Chat ဆိုတာကတော့ လူတိုင်းသိကြမှာပါ Gtalk chatting, Yahoo Messenger Chatting, MSN chatting စတဲ့ ချက်တင်မှန်သမျှကို လိုက်မှတ်ပေးထားတဲ့နေရာတစ်ခုပါ

(၃) screenshort ကတော့ မိမိချက်တဲ့ချက်တင်တွေ၊ ၀င်သမျှနေရာတွေကို ၃ မိနစ်ကိတစ်ကြိမ်ဓါတ်ပုံရိုက်ထားသလိုမျိုး ဓါတ်ပုံတွေကို ရိုက်ရိုက်ပြီးသိမ်းထားပေးတာပါ .. အဲ့ဒီ့ကြာချိန်ကို လိုက်ပြီးတော့ ချိန်ထားပေးလို့ရပါသေးတယ် .. သူကတော့ ဓါတ်ပုံသီးသန့်ပဲ ပေါ်နေမှာပါ ...

(၄) websites ကတော့ ကိုအသုံးပြုနေတဲ့ ၀ဘ်ဆိုက်တွေကို လိုက်မှတ်သားပေးထားတာပါ ... ကဲဒီလောက်ဆိုရင် ကြေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော့်မှာလဲ အလုပ်ကသိပ်မအားတော့ ဖြစ်ညှစ်ပြီးတော့ ရေးနေရတာ .. သီးခံပေးကြပါဦးလို့ အနူးအညွှတ်တောင်းပန်အပ်ပါတယ် .. အွန်လိုင်းမှာ အမြဲတွေ့နေတဲ့ သူငယ်ချင်းတွေကလဲ ခဏခဏ ပို့စ်မတင်သေးဘူးလား ပို့စ်မတင်သေးဘူးလားနဲ့ ခဏခဏမေးနေတော့ အားနာလှပါပြီ .. အခုတော့ ဒါလေးနဲ့ နှစ်သိမ့်ပေးကြပါဦး .. တင်စရာတွေတော့ အများကြီးကျန်ပါသေးတယ် ..

                                ကဲ အင်တာနက်ဆိုင်မှာ အသုံးပြုပြီးဆိုတာနဲ့ ... ကီးလော့ကာ ရှိမရှိကိုစစ်ပါနော်.. နို့မို့ ဂွမ်းသွားမယ်...။:-Pကျွန်တော်ရဲရင့်ခေါင် ကိုညီနေမင်း နည်းပညာ ဆိုဒ်မှာ ကူးယူတင်ပြလိုက်တာနော်.. သတိထားနော်.. ပါသွားရင် မငိုကြေး ခစ်ခစ်

This posting includes an audio/video/photo media file: Download Now

vzo မြန်မာဘာသာ vzo သုံးကျတဲ့သူငယ်ချင်းများ အားလုံးအတွက်အထူသတင်းကောင်းလေးပါ

Posted: 12 Jun 2012 10:47 PM PDT

vzo မြန်မာဘာသာ vzo သုံးကျတဲ့သူငယ်ချင်းများ အားလုံးအတွက်အထူသတင်းကောင်းလေးပါ မသိသေးတဲ့သူများသာရည်ရွယ်ပြီးတင်ထားခြင်းဖြစ်ပါတယ် သူငယ်ချင်းတို့သုံးနေတဲ့ vzo ရဲ့ဝက်ဆိုဒ်မှာ မြန်မာဘာသာ နဲ့ပါဝင်လာပြီဖြစ်ပါတယ် အင်္ဂလိပ်လို သိပ်ပြီးတော့ နားမလည်ရင်မြန်မာဘာသာနဲ့ အသုံးပြူနိင်ပြီဖြစ်ပါတယ် ဆိုတဲ့အကြောင်းအထူး သတင်းကောင်းလေးပါးလိုက်ရပါတယ် ဒီလင့်ကနော်သွားလိုက်ပါ http://vzochat.com/my/Default.aspx အကောင့်ဖွရန်ဒီလင့်ကနေသွားပါ http://vzochat.com/my/Register.aspx အားလုံးပဲအဆင်ပြောကျပါစေ

No comments:

Post a Comment